Thursday, July 30, 2015

ရုပ်ရှင်လမ်းညွှန်အစီအစဉ် (London has fallen)

London has fallenဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိရုပ်ရှင်ရုံများတွင် ဇန်န၀ါရီလ၂၂ရက်နေ့တွင် စတင်ပြသမည်ဖြစ်ပါသည်။ ရှုပ်ထွေးသည့်အခြေအနေတွင် ဗြိတိန်ဝန်ကြီးချုပ်ကွယ်လွန်သွားခဲ့ပြီး ဈာပနအခမ်း အနားကို လန်ဒန်မြို့တွင် ကျင်းပရန် ဖြစ်လာပါသည်။ အဆိုပါဈာပနကို ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတတို့ တက်ရောက်ရန်ရှိပြီး အဖျက်သမားတစ်ချို့က ထိုအခွင့်အရေးကို အသုံးချပြီး နိုင်ငံခေါင်းဆောင်အားလုံးကို လုပ်ကြံပြီး လန်ဒန်မြို့ကို ဖျက်ဆီးရန် ရည်ရွယ်ထားပါသည်။ အမေရိကန်သမ္မတ၏ သက်တော်စောင့်အဖွဲ့၊ ဗြိတိန်မှ MI 6 နှင့် လျှို့ဝှက်အေးဂျင့် များက အဖျက်လုပ်ငန်းများကို တားဆီးရန် ဆောင်ရွက်ခြင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာဘာဘက်နာဂျာဖီက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး ဂျာရတ်ဘတ်တလာ၊ အေရွန်အက်ခ်ဟက်၊ မော်ဂန်ဖရီးမင်းစသည့် သရုပ်ဆောင်များနှင့် အခြားသရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားပြီး Focus Features ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment