Saturday, August 1, 2015

ယူနိုက်တက် လက်ဘော်ရေထရီနှင့် ဗျူတီးပဲလေ့(စ)ကုမ္ပဏီတို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တည်ထောင်မည်

ဖိလစ်ပိုင်နိုင်ငံက ယူနိုက်တက် လက်ဘော်ရေထရီနှင့် ပြည်တွင်းကဆပ်ပြာ၊ သွားတိုက်ဆေးနှင့် ကျန်းမာရေးသုံးကုန် ပစ္စည်းများထုတ်လုပ်သည့် ဗျူတီးပဲလေ့(စ)ကုမ္ပဏီတို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တစ်ခု တည်ထောင်ရန် နှစ်ဦး သဘောတူလိုက်ပြီဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃ သန်းတန်ကြေးရှိသည့် ပူးပေါင်းဆောင်ရွက်မှု အတွက် ကုမ္ပဏီအသစ်နာမည် ယူနိုက်တက် ဗျူတီးပဲလေ့(စ)နှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းမှုဆိုင်ရာ ကုန်ပစ္စည်းများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရပါသည်။ A-21 ဆပ်ပြာနှင့် Best-T သွားတိုက်ဆေးစသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်နေသည့် ဗျူတီးပဲလေ့(စ)ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဦးမြိုင်ဟင်းက ထို့သို့ ပူးပေါင်းဆောင်ရွက်မှုမှ နှစ်ဦး နှစ်ဘက်အကျိုးရှိစေမည့် ကုန်ပစ္စည်းတွေကိုထုတ်လုပ်သွားရန် ရှိနေပြီးစွမ်းဆောင်မှုများကို ပိုမိုမြှင့်တင်သွားမည်ဟု ပြောကြောင်း သိရပါသည်။


No comments:

Post a Comment