စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးမြို့နယ် ဆည်တော်ရွာအထက် ၂၃ မိုင်အကွာရှိ ချင်းပြည်နယ် ဟာခါးမြို့နယ်တွင်
အကျယ် ပေ ၃၀၀၀ခန့်ရှိသော "မြေပြိုမှုကြောင့် သဘာဝအလျောက်ဖြစ်ပေါ်လာသည့်
ရေကန်" Landslide Dam ဟုယူဆရသော နေရာတစ်ခုကို ဘေးအန္တရာယ် ရှိ၊ မရှိ
စိုးရိမ်မှုနှင့် အတူစစ်ဆေးကြည့်ရှုရန် ဒေသခံပြည်သူများက ဆန္ဒရှိနေကြသည်။
ယခုလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်
တွင် တောင်ပြိုမှုများ ဖြစ်ပွားရာမှစီးဆင်းမျောပါလာသော ရွှံ့နွံမြေကြီးများ သည်
တောင်ကျ ရေစီးကြောင်းများကို ပိတ်ဆို့ပြီး ရေကန်ပုံစံနှင့်ရေကာတာ သဖွယ် ဖြစ်ပေါ်လာရသည်။
အဆိုပါယာယီပိတ်ဆို့လျက်ရှိသော သဘာဝမြေသားရေကန်များ ရုတ်
တရက်ပြိုကျခဲ့ လျှင် အရှိန်အဟုန်ပြင်း သည့် ရေစီးနှင့် အတူ ရေစီးကြောင်း
အောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံများအတွက် ဘေးအန္တရာယ် များ ရှိနိုင်မည်ကို
ဒေသခံပြည်သူများက စိုးရိမ်ပူပန်လျက် ရှိနေကြသည်။
ထိုကဲ့သို့ သဘာဝမြေသားရေကန် ကျိုးပေါက်မှုကို သြဂုတ်(၂၈)ရက်က
ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီခိုင်ဇန်ကျေးရွာခေါ်ဟားခါးလေးကျေးရွာ တွင်
ဖြစ်ပွားခဲ့ပြီး မြေပြိုမှုနှင့်အတူ ရွှံနွံများပါဝင်သော တောင်ကျချောင်းရေများ
စီးဆင်း ဖုံးလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည်။
ဒေသခံတောလိုက်မုဆိုးများက တွီခိုင်ဇန်ရွာ အထက်ပိုင်း ရှိ
တောင်ပေါ်နေရာများတွင် မြေပြိုပြီး ရေကန်ကြီးဖြစ်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရ ကြောင်း၊
၎င်းမုဆိုးများမှ တဆင့် ကြားသိရသူများက ခရိုင်ရေဘေး ကွပ်ကဲမှုရုံးကို
ပြောကြားခဲ့သော်လည်းမယုံကြည်ကြကြောင်း စသည်ဖြင့် ချင်းပြည်နယ် အတွင်းဖြစ်ပေါ်နေသော
အခြေအနေများကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိနေရသည်။
အဆိုပါ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့်နေရာကို စစ်ဆေး သင့်ကြောင်း၊
ခြေလျင် သွားရောက်လျှင် ခက်ခဲနိုင်သည့်အတွက် ရိက္ခာပို့ရဟတ်ယာဉ်များဖြင့်
စစ်ဆေးကြည့်ရှု သင့်ကြောင်း၊ ယခုထက်ကြီးမားသည့် ရေကန်တစ်ခုလည်း
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်အနီးတွင် ရှိနေသေးကြောင်း၊ မြလင်းအနီးမှ
မြွေတောင်နှင့် ဖားတောင် နေရာအချို့တွင်လည်း မြေပြိုမှုများဖြစ်ပွားနေကြောင်း
စသည်ဖြင့် ဒေသခံပြည်သူများအကြား ပြောဆိုနေကြပြီး စိုးရိမ်မှုများ
တိုးပွားလျက်ရှိကြောင်း သိရသည်။
မိုးရာသီတွင် ပုံမှန်စီးဆင်းလေ့ရှိသော ဆည်တောရွာအနီးရှိ
မြောင်းချောင်း သည်လည်းယခုအခါ ရေစီးမှု မရှိတော့ သည် မှာ
နှစ်ပတ်ခန့်ကြာပြီဖြစ်ကြောင်း ဒေသခံများနှင့် ဆက်သွယ် သိရှိရ
သည်။၎င်းချောင်းအထက်ပိုင်းတွင် မြေပြိုမှု များစွာဖြစ် ပွားခဲ့ ကြောင်းလည်း
သိရှိရသည်။ ယခုပုံတွင်ပြထားသော စစ်ဆေးရန် လိုအပ်သည့်နေရာမှာ မဏိပူရမြစ်၏
လက်တက်ဖြစ်သော Pao va ချောင်းရှိ ယခင် ချောင်းရေအိုင် ကဲ့သို့ သော
ရေပြင်ကျယ်နေရာမှ Landslide Dam အသွင်ပြောင်းနေ သည်ဟု ရေဒါဓါတ်ပုံတွင် ယူဆ ရသော
နေရာဖြစ်သည်။
ထို့ကြောင့်လည်း ဒေသခံများက သွားရောက်ကြည့်ရှုစစ်ဆေးရန် စီစဉ်နေ
ကြကြောင်း၊၎င်းနေရာသည် ဆည်တောရွာနှင့် အလှမ်းဝေးသော် လည်း မြေပြိုခဲ့လျှင်
ရေများအရှိန်အဟုန်ဖြင့် ကျဆင်းလာနိုင်ပြီး ၎င်းတို့ ရွာမှာ ရေဘေးအန္တရာယ်
ကြုံတွေ့နိုင်ခြင်းကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။
သဘာဝမြေပြိုမှုများကြောင့် ကျဉ်းမြောင်းသော ချောင်းမြောင်းများပိတ်ဆို့ကာ
ဆည်ကဲ့သို့ ရေများစုဝေးနေရာမှရေမထိန်းနိုင်သည့် နောက်ဆုံးအခြေအနေတွင် မြေပြိုကျကာ
ယာယီသိုလှောင်ခဲ့သော ရေများသည် ရွှံနွံများ၊ အမှိုက်သရိုက်များ၊ ဒိုက်များနှင့်အတူ
တစ်ဟုန်ထိုး စီးဆင်း မှုကြောင့်ရေစီးကြောင်းအောက် တစ်လျှောက် ရှိ ကျေးရွာများတွင် ပျက်စီးမှုများ
ဖြစ်ပေါ်နိုင်ကြောင်း၊ တောင်တန်းဒေသများတွင် ရေခဲအိုင်များ ကျိုးပျက်ခြင်းဖြင့်
တောင်ကျရေကြောင့် အန္တရာယ်ဖြစ်ပွား သကဲ့သို့ အန္တရာယ်ကြီးမားကြောင်း
နှိုင်းယှဉ်သိရှိရသည်။
ထို့ကြောင့် အဆိုပါနေရာအား တာဝန်ရှိသူများမှ သွားရောက် စစ်ဆေး
မှုများ ပြုလုပ်ရန် ဒေသခံများမှ လိုလားလျက်ရှိသကဲ့ သို့လေ့လာတွေ့ရှိရသည့်
အချက်အလက်များ ကိုလည်း ဒေသခံပြည်သူ များအတွက် အချိန်နှင့် တစ်ပြေးညီ
ထုတ်ပြန်ပေးရန်လည်း လိုအပ်ကြောင်း သုံးသပ်မိသည်။
ကြိုတင်ကာကွယ်မှုသည် အကောင်းဆုံးဖြစ်၍ အကြောင်းရင်း မျိုးစုံဖြင့်
ရေကန် များ ဖြစ်ပေါ်နေသည်ဆိုပါက ရေများစွာမစုဝေးမိ၊ ကျိုးပေါက်မှု မရှိချိန်
၌ကြိုတင် ဖောက်ထုတ်ခြင်းမျိုးဖြင့် စနစ်တကျစီမံဆောင် ရွက်ကြ ရပေမည်။
No comments:
Post a Comment