ကချင်ပြည်နယ်၊
တနိုင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၁)ရက်နေ့မှာ တနိုင်းမြို့နှင့်
မိုင်းခွန်ကျေးရွာ အုပ်စုကြားရှိ ဂျိုဒီးကျေးရွာ၊ ရေနံကုန်းကျေးရွာနှင့် ရွာသစ်ကုန်း
ကျေးရွာများသို့ တနိုင်းခ ချောင်းရေနှင့် နန်းဗျူး ချောင်းရေများ ဝင်ရောက်ပြီး ကျေးရွာ(၃)ရွာ
ရေကြီးနစ်မြှုပ်လျက်ရှိရာ ဒီကနေ့ မနက်ပိုင်းမှ စတင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ရေနစ်မြှုပ်သည့် ကျေးရွာနေ ပြည်သူများထံသို့
စက်တပ်ရေယာဉ်ကြီး (၂)စီး၊ စက်တပ်ရေယာဉ်ငယ် (၆)စီးဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
လျက်ရှိပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအား မြို့မ ဘုန်းတော်ကြီးကျောင်းနှင့် သာယာရွှေပြည်ကျောင်းတို့မှာ
ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိပြီး ထမင်းထုပ်များ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့်
အဖွဲ့အစည်းများဖြင့် ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
No comments:
Post a Comment