ယခုကာလသည် ငါးဖမ်းရာသီကို ပြန်လည်ရောက်ရှိလာပြီဖြစ်သည့်အတွက်
မြန်မာ့ရေပိုင်နက် အတွင်းရှိ ရေနက်ပိုင်းများတွင် သွားရောက်ဖမ်းဆီးရန် မြန်မာနိုင်ငံ
ငါးလုပ်ငန်းဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရပါသည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ
ငါးဖမ်းစက်လှေများတွင် ရေဒါကဲ့သို့သော ခေတ်မှီ ငါးဖမ်းကိရိယာများ မရှိဘဲ သွားရောက်ခြင်းတွင်
စွန့်စားမှုတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များက ပြောကြောင်း သိရပါသည်။ လက်ရှိ မြန်မာ
နိုင်ငံတွင် ကမ်းဝေးငါးဖမ်းသင်္ဘောအစင်းရေ စုစုပေါင်း နှစ်ထောင့်ခြောက်ရာကျော်ရှိပြီး
သံကိုယ်ထည်ဖြင့် ဆောက်လုပ်ထားသည့် ကမ်းဝေးငါးဖမ်း သင်္ဘောအရေအတွက်တွင် (၁၀)ရာခိုင်နှုန်းမျှသာရှိသေးကြောင်း
သိရပါသည်။ ကမ်းဝေးရေနက်ပိုင်းအထိ သွားရန်အတွက် သင်္ဘောကိုယ်ထည်များကို သံကိုယ်ထည်အဖြစ်
ပြောင်းလဲရန်၊ ခေတ်မှီရေဒါသုံး ငါးဖမ်းကိရိယာများ တပ်ဆင်ရန်၊ ထိုကိရိယာများကို အသုံးပြုတတ်ရန်
စသည့် ပြောင်းလဲမှုမျိုးကို ဦးစွာပြုလုပ်ရမည်ဖြစ်ပါသည်။ ထို့အပြင် လက်ရှိငါးဖမ်းနည်းစနစ်တွင်လည်း
တရွတ်စွဲ ငါးဖမ်းနည်းစနစ်ကိုသာ အသုံးပြုလုပ်ကိုင်ဆောင်ရွက်နေကြခြင်းကြောင့် ၎င်းအခြေအနေများသည်
ငါးသယံဇာတများကို ဖြုန်းတီးသကဲ့သို့ဖြစ်နေကြောင်း သိရှိရပါသည်။
No comments:
Post a Comment