Wednesday, September 2, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ (၃) ရက်နေ့မှာ ကျင်းပမည့် ကမ္ဘာ့ဖက်စစ်စနစ်ဆန့်ကျင်မှုအောင်မြင်သည့် နှစ် (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် ဒီကနေ့ နံနက်တွင် နေပြည်တော်မှ ထွက်ခွာသွားပါသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများလည်းလိုက်ပါ သွားကြပါသည်။

No comments:

Post a Comment