Tuesday, September 1, 2015

ပြည်တွင်း ဘိလပ်မြေဈေးကွက်

ပြည်တွင်းတွင် ဘိလပ်မြေစက်ရုံများ တည်ဆောက်ထုတ်လုပ်မှုများလာသော်လည်း ပြည်ပမှ ဝင်ရောက်လာသည့် ဘိလပ်မြေများက အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်သည့်အတွက် ဈေးကွက်အတွင်းတွင် လူကြိုက်များကြောင်း သိရပါသည်။ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ဘိလပ်မြေတင်သွင်း သော်လည်း လက်ရှိဈေးကွက်ထဲတွင် ထိုင်းနိုင်ငံမှတင်သွင်းသည့် SCG INSEE ဆင်တံဆိပ်ဘိလပ်မြေတို့သည် လူကြိုက်အများဆုံးနှင့် အရောင်းရဆုံးဖြစ်ပြီး တစ်အိတ်ကို ငွေကျပ်ခြောက်ထောင်ဝန်းကျင်ရှိသည်ဟု ဘိလပ်မြေ ကုန်သည်တစ်ဦးက ပြောကြောင်း သိရပါသည်။ လက်ရှိမြန်မာနိုင်ငံမှ ထွက်ရှိသည့် ဘိလပ်မြေအမျိုးအစားထဲတွင် ကြံ့နှစ်ကောင်ဘိလပ်မြေသည် ဈေးကွက်အတွင်းတွင် အရောင်းရဆုံးဖြစ်ပြီး တစ်အိတ်ကို ငါးထောင့်နှစ်ရာနှင့် ငါးထောင့်လေးရာတန်ဆိုပြီး နှစ်မျိုးနှစ်စားထွက်ရှိကြောင်းကို စော်ဘွားကြီးကုန်းမှာရှိသည့် ဘိလပ်မြေ ဖြန့်ဖြူးရောင်းချသူထံမှသိရပါသည်။ ယခင်က အိမ်နီးချင်းထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ဘိလပ်မြေများသည် ဈေးကွက်၏ ၈၀% ကိုရယူထားနိုင်ပြီး ယခုအခါတွင် ပြည်တွင်းတွင် ဘိလပ်မြေစက်ရုံများ တည်ဆောက် ထုတ်လုပ်မှုများ လာခြင်းကြောင့် ဈေးကွက်၏ ၅၀% လောက်သာ ရယူထားနိုင်ကြောင်း သိရပါသည်။


No comments:

Post a Comment