ကျန်းမာရေးဝန်ကြီးဌာန၊
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန၊
ဆေးတက္ကသိုလ်များတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့်
နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသောဒေသများမှ
၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား
ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူ ထားပါကြောင်း၊ သတ်မှတ် အရည်အချင်းနှင့် ပြည်စုံသူများ
လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ နောက်ဆုံးထားပြီး
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနသို့
တိုက်ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ဆေးဘက်ဆိုင်ရာ
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနတွင် မေးမြန်းစုံစမ်းနိုင်ပါကြောင်း
သိရှိရပါသည်။
No comments:
Post a Comment