Saturday, October 31, 2015
လေးကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့တွင် ပြုလုပ်
အိန္ဒိယ၀န်ကြီးချုပ်အသစ် နာဟင်ဒရာမိုဒီ၏ လက်ထက်တွင် အိန္ဒိယနိုင်ငံနှင့်
အရှေ့တောင်အာရှနိုင်ငံများ၏ ကုန်သွယ်ရေးကိုပိုပြီး တိုးမြှင့်သွားမည်ဟု ပြောဆိုထားပါသည်။
ယခု အိန္ဒိယနိုင်ငံအစိုးရ၊ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့်
ရန်ကုန်မြို့တွင် လေးကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ကြီးကို ပြုလုပ်နေပြီ ဖြစ်ပါသည်။၊
ထိုကုန်စည်ပြပွဲကြီးတွင် အိန္ဒိယကုမ္ပဏီပေါင်း ၇၀ကျော်လောက် ပါဝင် ပြသနေခြင်းဖြစ်ပြီး
ယခု စီးပွားရေးလုပ်ငန်း အချင်းချင်းချိတ်ဆက်ခြင်းများ၊ ဖက်စပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများနှင့်
နည်းပညာလွှဲပြောင်းနိုင်မည့် စီးပွားရေးအရချဉ်းကပ်ခြင်းများလည်း ပါဝင်လာပါသည်။ အိန္ဒိယက
မြန်မာနိုင်ငံစီးပွားရေးအတွက် အိမ်နီးချင်းကောင်းဖြစ်လာမည်ကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
မြန်မာပြည်က ကြိမ်၊ ၀ါးနှင့် သစ်တောထွက်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်အသစ် တိုးချဲ့တင်ပို့နိုင်ရေးအတွက် ကြိုးစား
ပြည်တွင်းထုတ် ကြိမ်၊၀ါးနှင့်
သစ်တောထွက်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်အသစ်များတွင် တင်ပို့ရောင်းချနိုင် ရန်
ရှိနေသည်ဟု မြန်မာနိုင်ငံ ကြိမ်၊ ၀ါးပစ္စည်းထုတ်လုပ်ရောင်းချသူများအသင်းက ပြောဆိုထားပါသည်။
လက်ရှိတင်ပို့နေသည့် ဈေးကွက်က အိန္ဒိယနှင့် တရုတ်နိုင်ငံများကို တင်ပို့နိုင်ခြင်းဖြစ်ပါသည်။
ယခုတိုးချဲ့သွားမည့်ဈေးကွက်များထဲတွင် ဥရောပ၊ အာရှ၊ အာဖရိကနှင့် တောင်အမေရိကတိုက်က
နိုင်ငံတစ်ချို့ပါဝင်လာပါသည်။
ဟီတာချီကုမ္ပဏီက ဓာတ်လှေကားနှင့် စက်လှေကားတပ်ဆင်ခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် တိုးချဲ့လုပ် ကိုင်မည်
ဂျပန်နိုင်ငံ ဟီတာချီကုမ္ပဏီက ဓာတ်လှေကားနှင့် စက်လှေကားတပ်ဆင်ခြင်းလုပ်ငန်းများကို
မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ဟီတာချီ၏ တာဝန်ရှိသူများက အောက်တိုဘာလ
နောက်ဆုံး ပတ်ထဲတွင် ပြောဆိုလိုက်ပါသည်။ တစ်ဘက်တွင်လည်း ပြည်တွင်းဈေးကွက်ထဲတွင် ၀င်ရောက်နေပြီးသား
ဥရောပဈေး ကွက်ကရှိနေပြီး နှစ်အနည်းငယ်ထဲတွင် ကျော်တက်သွားချင်သည်ဟု ဟီတာချီကပြောကြောင်း
သိရပါသည်။
စိန်မဟာသဘင် မြန်မာပြည်အနှံ့ ကပြမည်
သဘင်လောကတွင် စိန်မဟာသဘင်ကို
အမွေဆက်ခံပြီး မြန်မာပြည်အနှံ့ ကပြသွားမည်ဖြစ်ကြောင်း သိရပါသည်။
အနုပညာရှင်တစ်ချို့စုပေါင်းပြီး ရွှေတိဂုံစေတီတော်တွင် ကုသိုလ်ကောင်းမှု ပြုလုပ်
သီတင်းကျွတ်လပြည့်နေ့တွင်
အနုပညာရှင်တစ်ချို့စုပေါင်းပြီး ရွှေတိဂုံစေတီတော်ပေါ်တွင် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြောင်း
သိရပါသည်။
တေးသံရှင် ဝေလျှံအောင်၏ တေးစီးရီးအသစ်ထွက်ရှိ
တေးသံရှင်
ဝေလျှံအောင်၏ အနုပညာသမားလေး ကျွန်တော် တေးစီးရီးအသစ် ထွက်ရှိလာကြောင်း သိရှိရပါသည်။
ရုပ်သံမှတ်တမ်းအစီအစဉ် (အနုပညာတက္ကသိုလ်ကျောင်းဆင်း လူငယ်များ အနုပညာလမ်းဆက်လျှောက်ရန် ကြိုးစားနေသည့်အကြောင်း)
အနုပညာတက္ကသိုလ်ကျောင်း
တက်ရောက်ပြီးသွားသည့် လူငယ်များက အနုပညာလမ်းဆက်လျှောက် လှမ်းနိုင်ရန် ကြိုးစားနေကြသည့်အကြောင်းကို
ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
ဘရာဇီးနှင့် အာရှနိုင်ငံများပါဝင်လာမည့် ဒုတိယအကြိမ် အာရှ ခြင်းလုံးပြိုင်ပွဲ
၂၀၁၅ အာရှခြင်းလုံးဖိတ်ခေါ်ပြိုင်ပွဲကို
ဒီဇင်ဘာလထဲတွင် ကျင်းပရန် ရှိနေပြီး ၎င်းပြိုင်ပွဲတွင် ဘယ်နိုင်ငံ တွေဝင်ပြိုင်မလဲ၊
ပြိုင်ပွဲအတွက် ဘာတွေပြင်ဆင်ထားသလဲ စသည်တို့ကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
၂၀၁၆ လူငယ်ပြိုင်ပွဲအတွက် အသက်မီကစားသမား ကိုးဦးအထိ ရှိနေသည့် ရန်ကုန်လူငယ်အသင်း
၂၀၁၆ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပွဲကို
အသက် ၁၉ နှစ်အောက် ကန့်သတ်လိုက်ပါသည်။ ထိုသို့ သတ်မှတ်လိုက်သည့်အတွက် ပြိုင်ပွဲဝင်မည့်
အသင်းတွေ ကစားသမား အခက်အခဲရှိနိုင်သော်လည်း လက်ရှိချန်ပီယံ ရန်ကုန်က အသက်မီကစားသမား
ကိုးဦးအထိရှိနေကြောင်း သိရပါသည်။
Friday, October 30, 2015
ပဏာမ ယူ-၂၁ အသင်းက ကစားသမားများကို အသက်ပြန်လည်စိစစ်မည့် နည်းပြအဖွဲ့
ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်
မြန်မာယူ-၂၁ အသင်းလူစာရင်းက ကစားသမားများ၏ အသက်မှန်ကန်မှုကို နည်းပြအဖွဲ့က ပြန်လည်စိစစ်ရွေးချယ်ရန်
စီစဉ်ထားပါသည်။ ပဏာမ ယူ-၂၁အသင်းတွင် အသက်ကျော်ကစားသမားတွေပါဝင်နေသည်ဟု ပရိသတ်များ၏
ဝေဖန်မှု မြင့်တက်လာပြီး နောက်ပိုင်းတွင် အသက် ပြန်လည်စိစစ်ရွေးချယ်ရန် နည်းပြ အဲရစ်ဝီလျံက
စီစဉ်နေကြောင်း သိရပါသည်။
Subscribe to:
Posts (Atom)