Saturday, October 31, 2015

လေးကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့တွင် ပြုလုပ်

အိန္ဒိယ၀န်ကြီးချုပ်အသစ် နာဟင်ဒရာမိုဒီ၏ လက်ထက်တွင် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ကုန်သွယ်ရေးကိုပိုပြီး တိုးမြှင့်သွားမည်ဟု ပြောဆိုထားပါသည်။ ယခု အိန္ဒိယနိုင်ငံအစိုးရ၊ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့် ရန်ကုန်မြို့တွင် လေးကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ကြီးကို ပြုလုပ်နေပြီ ဖြစ်ပါသည်။၊ ထိုကုန်စည်ပြပွဲကြီးတွင် အိန္ဒိယကုမ္ပဏီပေါင်း ၇၀ကျော်လောက် ပါဝင် ပြသနေခြင်းဖြစ်ပြီး ယခု စီးပွားရေးလုပ်ငန်း အချင်းချင်းချိတ်ဆက်ခြင်းများ၊ ဖက်စပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများနှင့် နည်းပညာလွှဲပြောင်းနိုင်မည့် စီးပွားရေးအရချဉ်းကပ်ခြင်းများလည်း ပါဝင်လာပါသည်။ အိန္ဒိယက မြန်မာနိုင်ငံစီးပွားရေးအတွက် အိမ်နီးချင်းကောင်းဖြစ်လာမည်ကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။


No comments:

Post a Comment