Thursday, October 1, 2015
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ ပဉ္စမအကြိမ်မြောက် ကျောက်ကပ် အစားထိုး လဲလှယ် ကုသမှု အောင်မြင်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးရဲမြင့်သည် စက်တင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက် ကပ်ခွဲစိတ် ဌာန၌ ကျောက်ကပ် အစားထိုး ခွဲစိတ်နေသည့်လူနာများ ကို သွားရောက် ကြည့်ရှု အားပေးခဲ့ သည်။ မန္တလေးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ယနေ့နံနက် ၈ နာရီခွဲတွင် ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ခန်း၌ ကျောက်ကပ်အလှူ ရှင် မနွေမိုမိုထွန်း (၂ဝနှစ်) ညောင် ခြောက်ပင်ရပ်ကွက် ကျောက်ဆည် မြို့နေသူသည် ကျောက် ကပ် ပျက်စီး ဆေးကုသနေသည့် အစ်ကို ဖြစ်သူ ကိုရဲကိုကိုနိုင်၏ ကျောက် ကပ် နှင့် ခွဲစိတ်အစားထိုးလဲလှယ်နိုင်ခဲ့ သည်။ ခွဲစိတ်ကုသမှုကို နံနက် ၈နာရီ ခွဲတွင်မန္တလေးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီး၊ ကျောက်ကပ်ခွဲစိတ် ဌာန ကျောက်ကပ်ခွဲစိတ် ဆရာ ဝန်ကြီး ဒေါက်တာမင်းသူ၊ ကျောက်ကပ်ဆေး ကုဌာန ဆရာဝန်ကြီးဒေါက်တာ ခင် မောင်ကျော်၊ နှလုံးနှင့်သွေးကြော ခွဲ စိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဆွေတို့က ခွဲစိတ်ပြီး ဆေးရုံ ကြီးများ ကွပ်ကဲရေးမှူး (အထက်မြန်မာ ပြည်)ဒေါက်တာမောင်ဝင်း၊ မန္တလေး အထွေထွေရောဂါ ကု ဆေးရုံ အုပ်ကြီး ဒေါက်တာ တင်တင်မိုးတို့က ဆောင် ရွက်ခဲ့ကြသည်။ ယခု ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းသည် ပဉ္စမအကြိမ် အဖြစ်အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၂ဝဝ၁ ခုနှစ်တွင် ပထမ အကြိမ် လူနာနှစ်တွဲ၊ ၂ဝဝ၂ ခုနှစ် တွင် ဒုတိယအကြိမ် လူနာနှစ်တွဲ၊ ၂ဝဝ၄ ခုနှစ်တွင် တတိယ အကြိမ် လူနာ သုံးတွဲ၊ ၂ဝ၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် လူနာတစ်တွဲ စုစု ပေါင်းလူနာကိုးတွဲ အောင်မြင် စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ခွဲစိတ်ရာတွင် မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာ အာယု၊ ရောဂါဗေဒ ပါမောက္ခ ဒေါက်တာ ဌေးလှ၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ ခင်မြတ်မွန်၊ ဓာတ်မှန် ဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာ တင်တင်ဆိုင်တို့ ပါဝင် ဆောင်ရွက်ပြီး ရန်ကုန်မှ ကျောက် ကပ်အထူးကု ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဌာနမှူး(ငြိမ်း) ဒေါက်တာ တိုးလွင်နှင့် မေ့ဆေးအထူးကု ပါမောက္ခ ဌာနမှူး ဒေါက်တာ ကြည်ကြည်စန်း တို့ကလည်း ကူညီ ဆောင် ရွက်ပေး ခဲ့ကြောင်း သိရ သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment