Sunday, November 1, 2015

လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့က ထပ်မံ လာရောက် တိုက်ခိုက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော် တပ်ရင်းဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့ အင်အား ၂၀၀ ခန့်က လက်နက်ကြီး/လက်နက်ငယ် များဖြင့် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီတွင် တစ်ကြိမ်၊ ည ၈ နာရီခွဲ တွင် တစ်ကြိမ်၊ ည ၁၂ နာရီခွဲတွင် တစ်ကြိမ်၊ ပေါင်း ၃ ကြိမ်နှင့် အောက်တိုဘာ ၃၀ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီတွင် တစ်ကြိမ်၊ ပေါင်း ၂ ကြိမ၊် စုစုပေါင်း ၅ကြိမ် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ အရာရှိ၊ စစ်သည် များနှင့် အိမ်ထောင်သည်ရဲမေ မိသားစုများက ရွပ်ရွပ်ချွံချွံပြန်လည် ခုခံ တိုက်ခိုက်ခဲ့သဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သူများ အနေဖြင့် နံနက် ၇ နာရီ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားကြောင်းသိရသည်။  ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ မှုများရှိခဲ့သည့်အပြင် အဆောက်အဦအချို့လည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်။ အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့အနေဖြင့် အဆိုပါ တပ်ရင်းဌာနချုပ် အား အောက်တို ဘာ ၁၆ ရက်၊ ၁၈ ရက်နှင့် ၂၆ ရက်တို့တွင်လည်းကောင်း၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်အား အောက်တို ဘာ ၂၄ရက်နှင့်၂၈ ရက်တို့တွင်လည်းကောင်း လက်နက်ကြီး/ လက်နက် ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ အက်စ်အက်စ်အေ(ဝမ်ဟိုင်း)အဖွဲ့သည် သတ်မှတ်နေရာအားကျော်လွန်၍ နယ်မြေ ချဲ့ထွင်ခြင်းများ ဆောင်ရွက်ခဲ့သည့် အပြင် တပ်ရင်း ဌာနချုပ်များ ကိုလည်း အကြိမ်ကြိမ် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက် မှုများပြုလုပ် လာခြင်းကြောင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိုထိခိုက်စေခဲ့ ရာ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းနှင့် စစ်ရေး အရ ဆောင်ရွက်သင့် သည်များကို ဆက်လက် လုပ်ဆောင် လျက် ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment