Sunday, November 29, 2015
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ရှမ်းပြည်နယ်
ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည်
နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်
ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက် တည်ဆောက် မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ Zing
Gateway ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူတို့သည် အောင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော စာသင်သား
အိပ်ဆောင် တစ်ဆောင်၊ ဖြူစင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော စာချဆရာတော်
အိပ်ဆောင် တစ်ဆောင်၊ ဆွမ်းစားဆောင်နှင့် ဆွမ်းချက်ဆောင် အဆောက်အအုံတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းပြော ပြခဲ့သည်။ ယင်းနောက်
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ရှင်းလင်းဆောင်၌ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပရာ
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊
ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြား၍ ရှမ်းပြည်နယ်
ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းလှဝင်းက ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် ကုမ္ပဏီများမှ ရှင်းလင်းဆွေးနွေး
တင်ပြရာ အောင်ချမ်းသာ ကုမ္ပဏီ၊ ဖြူစင်ကုမ္ပဏီ၊ ကောင်းကင်ဖြူကုမ္ပဏီ၊ Zing Gateway
ကုမ္ပ ဏီ၊ မြနန္ဒာထွန်းကုမ္ပဏီ၊The Best(5) ကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိမိတို့
တာဝန်ယူ တည်ဆောက်လျက်ရှိသော အဆောက်အအုံ ကိစ္စရပ်များနှင့် ပတ်သက်၍ သီးသီး
ရှင်းလင်းတင်ပြခဲ့ကြ သည်။ ယင်းနောက် ရှမ်းပြည်နယ်အင်ဂျင်နီယာအသင်း နာယက
ဦးဝင်းမြင့် က ပြန်လည် ဆွေးနွေးတင်ပြ၍ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌက
အသုံးစရိတ်ရှင်းတမ်းများအား ဖတ်ကြားဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု
သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။ ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီး Shopping Center သို့
ရောက်ရှိလာရာ သီဟကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီ ယာက အပိုင်း(၁) အဆောက်အအုံ
ငါးလွှာအကြမ်းထည် ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူတို့က လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်
မှာကြားခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment