Monday, November 30, 2015

အခမဲ့ကြော်ငြာဝက်ဆိုဘ်များ အသုံးပြုမှုများလာ

          မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် (၂၀၁၃)ခုနှစ်နောက်ပိုင်းကစပြီး အရှိန်အဟုန်ပြင်းစွာနှင့် တိုးတက်လာပြီး အင်တာနက်အသုံးပြုနှုန်းလည်း မြင့်မားလာခဲ့ပါသည်။ အင်တာနက်အသုံးပြုမှုနှုန်း မြင့်မားလာခြင်းနှင့်အမျှ Online Business  များလည်း ခေတ်စားလာပြီး အင်တာနက် စာမျက်နှာများမှ တစ်ဆင့် အသေးစား စီးပွားရေးလုပ်ငန်းအရေအတွက်သည် ငါးရာကျော်ရှိလာပြီ ဖြစ်ပါသည်။ အခမဲ့ကြော်ငြာ ဝက်ဆိုဘ်များကိုလည်း အသုံးပြုသူ များလာသလို ၎င်းလုပ်ငန်းလုပ်ကိုင်သူများလာခြင်းကိုလည်း တွေ့ရပါသည်။ လွန်ခဲ့သည့်နှစ်များက တစ်ရက်ကို ကြော်ငြာတစ်ရာလောက် ရှိရာကနေ ယခုဆိုရင် တစ်ရက်ကို ကြော်ငြာ နှစ်ရာ့လေးဆယ်ကျော်အထိ တင်လာကြောင်း သိရပါသည်။ ၂၀၁၂ ခုနှစ်တွင် စတင်အသုံးပြုလာကြသည့် ဝက်ဆိုဘ်တွင် နေ့စဉ်နှင့်အမျှ ကြော်ငြာ ရောင်းချမှုသည် ၂၀၁၅ ခုနှစ်အတွင်းတွင် (၇၀)ရာခိုင်နှုန်းလောက်အထိ တိုးတက် လာခဲ့ပါသည်။ အခမဲ့ ဝက်ဆိုဘ်တွင် ကြော်ငြာခြင်းဖြင့် ကြော်ငြာခပေးရန်မလိုဘဲ ရောင်းချင်သည့်သူတွေအနေနှင့် ကြော်ငြာလိုသည့်ပစ္စည်း၏  ဓာတ်ပုံအပါအဝင် အကြောင်းအရာ စုံစုံလင်လင်နှင့်တင်လာသလို ဈေးနှုန်းကိုလည်း အသက်သာဆုံး မှန်ကန်စွာနှင့် ရောင်းလာသည့်အတွက် အရောင်းအဝယ်တွေအလွယ်တကူ ဖြစ်နေခြင်းကို တွေ့ရပါသည်။ Customer တွေအနေနှင့်လည်း လူကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး စိတ်ကြိုက်ဈေး ညှိနှိုင်းလို့ရသည့်အတွက် ရောင်းသူရော ဝယ်သူပါ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အတွက် အခမဲ့ကြော်ငြာဝက်ဆိုဘ် အသုံးပြုလာကြခြင်းကို တွေ့ရှိရပါသည်။ ယခုနောက်ပိုင်းတွင် အွန်လိုင်းစီးပွားရေးဖွံ့ဖြိုးလာခြင်းနှင့်အမျှ လူတွေက ၎င်းဘက်ကို ပိုမှီခိုပြီး စီးပွားရေး  လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်လာနိုင်ပါသည်။


No comments:

Post a Comment