Monday, November 2, 2015

အင်းလေးဟိုတယ်ဇုန်စီမံကိန်းစတင်မည်



မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် (၁၉)ခုရှိပြီး ပြည်တွင်းရော ပြည်ပခရီးသွားများ နေထိုင်တည်းခိုရေး ပိုမိုအဆင်ပြေစေရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် အင်းလေးဒေသ ဟိုတယ်ဇုန်စီမံကိန်းကို စတင်အကောင်အထည် ဖော်တည်ဆောက်နေပြီကြောင်း သိရပါသည်။ ၄င်းဟိုတယ်ဇုန်စီမံကိန်းတွင်  အကွက်ပေါင်း  (၉၆)ကွက်ဖော်ဆောင်ပြီး ဟိုတယ်ဇုန်များတွင် အေ၊ ဘီ၊ စီ (၃)ခုသတ်မှတ်ကာ ဟိုတယ်ဇုန် အေတွင် အကွက်ပေါင်း (၄၁)ကွက်၊ ဟိုတယ်ဇုန် ဘီတွင် အကွက်ပေါင်း (၂၅)ကွက်နှင့် ဟိုတယ်ဇုန် စီတွင် အကွက်ပေါင်း (၃၀)ပေါ်၌ ဟိုတယ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း သိရပါသည်။ ဟိုတယ်ဇုန် စီမံကိန်းကို (၄၈၅.၆၁)ဧက အသုံးပြုထားပြီး ဟိုတယ်ဇုန် အေကို ဒေသခံတိုင်းရင်းသားများအတွက် နေရာချထားပေးပြီး ဟိုတယ်ဇုန်ဘီကို ပြည်တွင်း ဟိုတယ်လုပ်ငန်းရှင်များအတွက် နေရာချမှတ်ထားကာ ဟိုတယ်ဇုန်စီကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်နိုင်ရန် နေရာသတ်မှတ်ပေးထားကြောင်း သိရပါသည်။ ထို့သို့နေရာသက်မှတ်ပေးရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စက်လုပ်ကိုင်သူများသည် ကြယ်ငါးပွင့်အဆင့်ရှိ နိုင်ငံတကာ အဆင့်မီဟိုတယ်များ တည်ဆောက်ရမည်ဟု သိရပါသည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်လိုသည့် ဒေသခံပြည်သူများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရတို့ပူးပေါင်းပြီး သင်တန်းတွေပေးရန် စီစဉ်ထားကြောင်း သိရပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၁၄ခုနှစ်အကုန်၌ နိုင်ငံတဝှမ်းတွင် လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်ခိုရိပ်သာပေါင်း တစ်ထောင့်တစ်ရာခြောက်လုံးရှိခဲ့ရာမှ ၂၀၁၅ခုနှစ်၊ ဩဂုတ်လတွင် တစ်ထောင့်နှစ်ရာ နှစ်ဆယ့်ငါးလုံးအထိ တိုးတက်လာခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment