Monday, November 9, 2015

ဆာဖာရီဥယျာဉ် (နေပြည်တော်)တွင် သစ်ကုလားအုတ်ငယ် (၁) ကောင် ပေါက်ဖွား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့တွင် အများပြည်သူနှင့် ကလေးငယ်များ စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် ရှားပါးတိရစ္ဆာန်များပြသခြင်း၊ သစ်ပင် ပန်းမန်များဖြင့် အနားယူအပန်းဖြေရန်လည်းကောင်း၊ ဗဟုသုတရရှိစေရန်လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။ ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် ထိုင်းနိုင်ငံ Sa Wat ကုမ္ပဏီမှ ပေးပို့ရောက်ရှိခဲ့သော သစ်ကုလားအုတ်အမ (၃) ကောင်၊ အထီး (၂)ကောင် စုစုပေါင်း (၅) ကောင်မွေးမြူ ပြသထားရှိခဲ့ရာ အဆိုပါ သစ်ကုလားအုတ်များမှ သစ်ကုလားအုတ်အမ (သဲစု)သည် (၈.၁၁.၂၀၁၅) ရက်နေ့ ည (၁၉: ၁၂) နာရီတွင် သစ်ကုလားအုတ်ကလေးငယ်အား ဝန်ထမ်းများ၏အနီးကပ် ပြုစုစောင့်ရှောက် မှုဖြင့် ပေါက်ဖွားခဲ့ကြောင်း သိရှိရပါသည်။ သစ်ကုလားအုတ်အမ (သဲစု)သည် ကျန်းမာစွာဖြင့် သစ်ကုလားအုတ်ကလေးငယ်အား နို့တိုက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment