Monday, November 2, 2015

မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့်လိုင်စင် ပိတ်သိမ်း



မြန်မာနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းတွေကို ထုတ်ပေးထားသည့် နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်တွေကို အောက်တိုဘာလ (၁၉)ရက်နေ့က စပြီး ရုတ်သိမ်းလိုက်ပြီဟု ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာနက ထုတ်ပြန်ကြေညာကြောင်း သိရပါသည်။ ပြည်တွင်းတွင် နိုင်ငံခြားငွေအသုံးပြုခွင့်လိုင်စင်ရရှိထားသည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ အကောက်အခွန်လွတ်ဆိုင်လေကြောင်းလိုင်းများ ဆက်သွယ်ရေးလုပ်ငန်း စသည်များကို နိုဝင်ဘာလ (၃၀)ရက်နေ့တွင် နောက်ဆုံးထားပြီး လိုင်စင်ကို ပြန်အပ်ကြရန်လည်း ထုတ်ပြန်ထားကြောင်း သိရပါသည်။ ၎င်းလုပ်ငန်းများတွင် နိုင်ငံခြားငွေနှင့် ပေးချေ နေခြင်းများကြောင့် ပြည်တွင်းတွင် အမေရိကန်ဒေါ်လာကို ကျယ်ပြန့်စွာနှင့် အသုံးပြုမှုသည် ပိုများလာခြင်းကြောင့် ဒေါ်လာ လိုအပ်ချက်မြင့်မားလာကာ မြန်မာကျပ်ငွေတန်ဖိုးလျော့နည်းလာခြင်းကြောင့် ယခုလိုရုတ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံအတွင်းတွင် ကုန်ပစ္စည်းနှင့်ဝန်ဆောင်ခတွေကို ပြည်တွင်းသုံးကျပ်ငွေနှင့် ငွေသား ကိုင်တွယ်သုံးစွဲမှုလျော့ချစေရန် ဘဏ်ကပ်တွေနှင့် အွန်လိုင်းငွေချေးစနစ်တွေကို ပိုမိုသုံးစွဲရန်လည်း ဗဟိုဘဏ်က ပြောကြောင်း သိရပါသည်။ ယခုလို နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပြုထားခြင်းကို ပြန်လည်ရုတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေအပေါ်တွင် သက်ရောက်မှုမရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြပြီး ဟိုတယ် လုပ်ငန်းရှင်တွေအနေနှင့် ယခုလက်ရှိတွင် အခက်အခဲတွေနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ 

No comments:

Post a Comment