Monday, November 30, 2015

ယခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ကုန်သွယ်မှုပမာဏလျာထားချက်ကို ပြည့်မှီအောင် ဆောင်ရွက်သွားမည်

လက်ရှိဘဏ္ဍာနှစ်လည်အတွင်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုတွေကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ ထိခိုက်မှုရှိခဲ့သော်လည်း ဘဏ္ဍာနှစ်အကုန်တွင် ကုန်သွယ်မှုပမာဏလျာထားချက် အမေရိကန်ဒေါ်လာ (၂၉.၉)ဘီလျံပြည့်မှီရန် ဆောင်ရွက်သွားကြောင်း သိရပါသည်။ ယခုဘဏ္ဍာနှစ်ဧပြီလမှ အောက်တိုဘာလ ကုန်ပိုင်းအထိ ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၆.၈)ဘီလျံနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၉.၄)ဘီလျံ စုစုပေါင်း ကုန်သွယ်မှုအမေရိကန်ဒေါ်လာ (၁၆.၂)ဘီလျံ ရှိထားပြီး အခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ပို့ကုန်တန်ဖိုး (၁၂)ဘီလျံနှင့် သွင်းကုန်တန်ဖိုး (၁၇.၇)ဘီလျံထိ ရရှိရန် မျှော်မှန်း ထားပါသည်။ ယခုနှစ်မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောကို အများဆုံးတင်ပို့ခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့သော်လည်း ရေထွက်ပစ္စည်းနှင့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုတွင် အရင်နှစ်ကထက် လျော့နည်းခဲ့ပါသည်။ ယခုနှစ်၏ သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ အများစု ဝင်ရောက်ခဲ့ရာ လူသုံးကုန်ပစ္စည်းအနေနှင့် ဓာတ်ဆီ၊ ဒီဇယ်၊ စားအုန်းဆီ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ဂျုံမှုန့်နှင့် နို့ဆီတို့ကို အဓိကတင်သွင်းခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ တင်သွင်းမှုတွင် အရင်နှစ်ကထက် လျော့ကျလာခဲ့ပါသည်။ ယခုနှစ်ပို့ကုန်၊ သွင်းကုန်အနေအထားတွင် လျာထားချက်၏ (၅၄)ရာခိုင်နှုန်းအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီး မျှော်မှန်းထားသည့် (၂၉.၉)ဘီလျံအထိ ရောက်ရှိရန်အတွက် ကျသွားသည့်ကုန်သွယ်မှု ပမာဏကို ပြန်လည်ဖြည့်ဆည်းရန် နည်းလမ်းရှာဖွေနေကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment