Wednesday, December 30, 2015

စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ တို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည် ၃ နာရီတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး များ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့ အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang တို့က လက်မှတ် ရေးထိုးကြသည်။ အဆိုပါ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာမည် ဖြစ် ပြီး ရေဘေးသင့် ဒေသများတွင် ဆောင်ရွက်နေသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ကျန်းမာရေးနှင့် ဆေးဝါးစီမံချက် အပါအဝင် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များ အတွက် အထောက်အကူ များ ရရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment