Wednesday, December 30, 2015

မြန်မာ့မိုဘိုင်းဖုန်းဈေးကွက် ကြီးထွားမှုနှုန်းကမ္ဘာပေါ်တွင် စတုတ္ထအမြန်ဆုံးဖြစ်



                မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်သည် ကမ္ဘာပေါ်တွင် စတုတ္ထအလျင်မြန်ဆုံးကြီးထွား လာနေသော ဈေးကွက်ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ တတိယသုံးလပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးပွားလာသော မိုဘိုင်းဖုန်းအသုံးပြုသူ(၈၇)သန်း၏(၆)ရာခိုင်နှုန်း ဖြစ်သည့် (၅.၂၂)သန်းသည် မြန်မာနိုင်ငံကဖြစ်ကြောင်း Ericsson mobility အစီရင်ခံစာက ဖော်ပြထားပါသည်။  လူဦးရေ အဆမတန်များပြားသော အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံပြီးရင် မိုဘိုင်းဖုန်းသုံးစွဲသူ တိုးပွားမှုနှုန်းကမ္ဘာတွင် စတုတ္ထအမြန်ဆုံးဖြစ်ပါသည်။  မြန်မာနိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေးအော်ပရေတာ (၃)ခုမှ မိုဘိုင်းဆင်းမ်ကဒ်ပေါင်း (၃၃)သန်းကျော် ရောင်းချထားပေးပြီး တယ်လီနောသုံးစွဲသူ (၁၁.၈)သန်း၊ အူရီဒူး သုံးစွဲသူ (၄.၈)သန်းနှင့်  MPT သုံးစွဲသူ (၁၆)သန်းကျော်ရှိပြီး အင်တာနက် အသုံးပြုသူ (၂၇)သန်းကျော်ရှိပါသည်။  မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူ (၆၅)ရာခိုင်နှုန်းတွင် စမတ်ဖုန်းအသုံးပြုသူများဖြစ်ကြပါသည်။ မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်သည် ယခင်က မပြောပလောက်သော သုံးစွဲမှုပမာဏမှ အလျင်အမြန် တိုးပွားလာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် လူဦးရေ၏ (၉)ရာခိုင်နှုန်းခန့်သာ မိုဘိုင်းဖုန်းအသုံးပြုခဲ့ရာမှ ၂၀၁၅ နှစ်လယ်လောက်တွင် (၅၄.၆)ရာခိုင်နှုန်းအထိရှိလာ ပါသည်။ ၂၀၁၈ခုနှစ်တွင် မိုဘိုင်းဖုန်း သုံးစွဲမှုပမာဏမှာ (၇၀)ရာခိုင်နှုန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

No comments:

Post a Comment