Monday, February 29, 2016

လာမယ့်နှစ်မှာ အထည်ချုပ်လုပ်ငန်းမှ ဥရောပနိုင်ငံများသို့ နှစ်ဆကျော်တင်ပို့ရန် မျှော်မှန်း



ယခင်နှစ်က ဥရောပနိုင်ငံများသို့ အထည်ချုပ်လုပ်ငန်းမှ ယူရိုသန်းလေးရာကျော် တင်ပို့နိုင်ခဲ့ပြီး လာမည့်နှစ်တွင် လက်ရှိတင်ပို့မှုထက် နှစ်ဆကျော်ဖြစ်သည့် ယူရို (၁)ဘီလီယံအထိတင်ပို့ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ထို့ကြောင့် ပြင်သစ်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏အထည်ချုပ်ကဏ္ဍပိုမိုအားကောင်းလာရန် စီမံကိန်းစာချုပ်ချုပ်ဆိုခဲ့ပါသည်။ ၎င်းစီမံကိန်းတွင် အထည်ချုပ်ကဏ္ဍအတွင်း အလုပ်အကိုင်ခန့်ထားပေးနိုင်မှု ဝန်ထမ်းများ၏အရည်အချင်း တိုးမြင့်လာစေရန် Training Center များထူထောင်ပေးရေးနှင့် ကုန်ကြမ်းအတွက် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို အားထားနေမှုလျော့ချနိုင်ရန် တို့ပါဝင်ကြောင်း သိရပါသည်။ အထည်ချုပ်စက်ရုံများမှ ပြည်ပသို့ အထည်ချုပ်တင်ပို့မှုသည် ၂၀၁၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀ဝ)ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၈၀ဝ)ခန့်တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ယှဉ်ပြိုင်အားအလားအလာ ကောင်းလာပြီး အခြေခံအမျိုးသမီးလုပ်သားထု၏ (၉၀)ရာခိုင်နှုန်းခန့်ကို အလုပ်ခန့်အပ်ထားခြင်းကြောင့် ဆင်းရဲ နွမ်းပါးမှုလျော့ပါးစေရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ပါသည်။

No comments:

Post a Comment