အာဆီယံနိုင်ငံများအား
ဗီဇာကင်းလွတ်ခွင့်ရရှိပြီးသည့် နောက်ပိုင်းတွင် ပြည်ပခရီးစဉ်များကို အရင်တုန်းကထက်
ပိုမိုသွားရောက်မှုများလာကြောင်း သိရပါသည်။ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများကိုသွားရောက်ခြင်းက
အရင်ကထက် နှစ်ဆ များလာကာ ဗီဇာကင်းလွတ်ခွင့်ပြုပြီးသည့်နောက်တွင် ပြည်ပခရီးစဉ်သွားရောက်မှုနှင့်ပတ်သက်ပြီး
ဂန္တဝင် ရွှေပုဂံ Travel & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း
သိရပါသည်။ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း
လိုင်စင်များကိုလည်း ၂၀၁၅ခုနှစ်၊ ဇွန်လက ခွင့်ပြုပေးခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ
(၁)ရက်အထိ လုပ်ငန်း လိုင်စင် (၁၆)ခုအထိ စိစစ်ခွင့်ပြုပေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
သိရပါသည်။
No comments:
Post a Comment