Monday, February 29, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ပြုပြင်မှုဒီနှစ်အတွင်းပြီးစီး



အသစ်ထပ်မံတိုးချဲ့တည်ဆောက်ပြီး အဆင့်မြှင့်တင်မှုတွေလုပ်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုနှစ်အတွင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်ဖြစ်သည့် ၎င်းလေဆိပ်ကို ၁၉၅၉ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုသက်တမ်း (၅၇)နှစ်ရှိပြီဖြစ်ပါသည်။ အရင်က ခရီးသည်ဝင်ရောက်မှု (၂.၇)သန်းသာလက်ခံနိုင်ပြီး ယခုအခါ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် ပိုမိုဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ၎င်းလေဆိပ်ကြီးကို အဆင့်မြှင့်တင်မှုများ  ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းစီမံကိန်းကြီး ပြီးစီးသွားပါက ခရီးသည် (၆)သန်း ဝင်ထွက် သွားလာနိုင်မည်ဖြစ်ပါသည်။ ရန်ကုန်လေဆိပ်တိုးချဲ့ဆောင်မှ ပြည်ပထွက်ခွါ ခရီးသည် (၉၀ဝ)က မြေညီထပ်တွင် အသုံးပြုရမည်ဖြစ်ပြီး ဆိုက်ရောက်ခရီးသည် (၉၀ဝ)က ပထမထပ်တွင် တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရွေ့လျားတံတား (၄)ခု၊ နားနေခန်းများနှင့် မော်တော်ယာဉ်အစီးရေ (၃၀ဝ)ကျော်ဆံ့သည့် နှစ်ထပ်ကားပါကင်လည်းပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment