Tuesday, February 2, 2016

ဈေးကွက်ဝေစုယှဉ်ပြိုင်နေရသည့် မတ်ပဲတင်ပို့မှု



ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ မတ်ပဲကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံတွင် ကနေဒါနိုင်ငံက ဈေးကွက်ယှဉ်ပြိုင်လာနေခြင်းကြောင့် မြန်မာ့မတ်ပဲလုပ်ငန်းရှင်တွေအတွက် ဈေးကွက်ဝေစုရရှိမှုလျော့နည်း လာကြောင်း သိရပါသည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရာတွင် အရင်က (၅၀)ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ (၂၀)ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်ပြီး ကနေဒါနိုင်ငံမှ ဈေးကွက်ဝေစုယှဉ်ပြိုင်လာသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် အခြားသော ဈေးကွက် များသို့ပါ တင်ပို့မှုချဲ့ထွင်ရန် လိုအပ်လာပြီဖြစ်ပါသည်။ လက်ရှိတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ တရားဝင် တင်ပို့မှုရရှိထားသော်လည်း အိန္ဒိယနိုင်ငံဈေးကွက်ကို အားထားနေရဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ကာ ပဲဈေးနှုန်းအတက်အကျရှိနေ၍ ယခုနှစ်အတွင်း အမေရိကန် ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ပဲဈေးကောင်းနိုင်သော်လည်း ဈေးကွက်ဝေစုကတော့ အကန့်အသတ်ရှိနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ မတ်ပဲတင်ပို့ချိန်တွင် ဈေးကွက်ယှဉ်ပြိုင်မှုများအတွက် အရည်အသွေးပိုင်းကို ပိုမိုအလေးထားရန်လိုအပ် သကဲ့သို့ အရေအတွက်လည်း ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် (၁၄)သိန်းကျော်တင်ပို့ခဲ့ပြီး အခုလက်ရှိ ၂၀၁၅-၂၀၁၆ ၏ ဇန်နဝါရီလ ဒုတိယပတ်အထိက ပြည်ပသို့ ပဲမျိုးစုံတန်ချိန် (၈)သိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာ့ခုနှစ်ဆယ်အထိ ရရှိထားပြီး အခုဘဏ္ဍာနှစ် အကုန်အထိတွင် ပဲမျိုးစုံတန်ချိန် (၁၂)သိန်းခန့်လောက် တင်ပို့နိုင်ကြောင်း ခန့်မှန်းထားပါသည်။

No comments:

Post a Comment