Tuesday, February 2, 2016

ကွန်ဒိုမီနီယံတိုက်ခန်းများ နိုင်ငံခြားသားများ ဝယ်ယူခွင့်ရှိမည်



          ပြည်တွင်းမှာရှိသည့် ကွန်ဒိုစုပေါင်းပိုင်အဆောက်အအုံများတွင် လေးဆယ်ရာခိုင်နှုန်းထက်မပိုသည့် အိမ်ခန်းများကို နိုင်ငံခြားသားအတွက် ရောင်းချခွင့်ရှိသည်ဟု အချက်ပါဝင်သည့် စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်းကို ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါသည်။ နိုင်ငံခြားသားများကို ကွန်ဒိုမီနီယံတိုက်ခန်းဝယ်ယူခွင့် လေးဆယ်ရာခိုင်နှုန်းရှိခြင်းကြောင့် အခန်း (၁၀)ခန်း ပါဝင်သည့်တိုက်တစ်လုံးတွင် နိုင်ငံခြားသားက (၄)ခန်းအထိ ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၈)ဘီလီယျံရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် (၁၂)ဘီလီယျံအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် စီးပွားရေးတွင် အခြေခံအဆောက်အအုံ ပွင့်လင်းလာမှုက အိမ်ခြံမြေဈေးကွက်ကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာမလဲဆိုခြင်းကို စိတ်ဝင်စားစရာဖြစ်နေပါသည်။

No comments:

Post a Comment