ယခင်ကအကြောင်းအမျိုးမျိုးကြောင့်
ထိခိုက်ဒါဏ်ရာရရှိသည့် အရေးပေါ်လူနာများအား ပတ်ဝန်းကျင်မှ ကူညီရန်အားနည်းမှုများရှိခဲ့ပါသည်။ ရဲအရေးပိုင်သည့် အမှုဖြစ်တာကြောင့်အမှုအတွင်းတွင်
ပါဝင်ပတ်သက်ရမည်ကို စိုးရိမ်သည့်စိတ်များလည်းရှိနေနိုင်ပါသည်။ ထိုကဲ့သို့မဖြစ်စေရန်အတွက်
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ထိခိုက်ဒါဏ်ရာရရှိသောအရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့်
ကုသခြင်းဆိုင်ရာဥပဒေကို လွှတ်တော်ကအတည်ပြုပြဌာန်းလိုက်ပါသည်။ အဆိုပါဥပဒေပြဌာန်းပြီးနောက်တွင်
ပြည်သူများသည် ထိခိုက်ဒါဏ်ရာရရှိသည့်လူနာများအား ကူညီလာနိုင်ကြပြီလားဆိုသည်ကို ဆွေးနွေးထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment