Thursday, June 30, 2016
မြန်မာ့မီးရထားလုပ်ငန်းက လက်မှတ်စစ် ဝန်ထမ်းများ၏ အကြောင်း
မြန်မာ့မီးရထားလုပ်ငန်းက
လက်မှတ်စစ် ဝန်ထမ်းများ၏ အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားခြင်း ဖြစ်ပါ သည်။
Impulse NGO Network အဖွဲ့က မြဝတီမြို့ကို လေ့လာရေးခရီးအဖြစ် လာရောက်ခဲ့
အိန္ဒိယနိုင်ငံ
အခြေစိုက် လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေသည့် Impulse NGO Network အဖွဲ့က
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို လေ့လာရေးခရီးအဖြစ် ဇွန်လ ၁၉ရက်နေ့က
လာရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်ဘူတာကြီးအတွင်းမှ ဝန်ထမ်းအိမ်ရာများအတွက် မြို့နယ် (၃) မြို့နယ်ကို ရွေးချယ်ပြီး အဆင့်မြင့် အိမ်ရာများ တည်ဆောက်ရန်ရှိ
ရန်ကုန်ဘူတာကြီးအတွင်းက
စီမံကိန်းနှင့် မလွတ်သည့် ဝန်ထမ်းအိမ်ရာများကို ရွေ့ပြောင်းရန် မြို့နယ် ၃မြို့နယ်ကို
ရွေးချယ်ထားပြီး အဆင့်မြင့် အိမ်ရာများ တည်ဆောက်ပေးသွားရန်ရှိနေကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံတွင် MOU ထိုးထားသည့် မြန်မာအေဂျင်စီ (၁၀)ခုကို ဆိုင်းငံ့သည့် သတင်း မှန်ကန်မှုမရှိဟု မြန်မာနိုင်ငံ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြောကြား
ထိုင်းနိုင်ငံမှာ
MOU ထိုးထားသည့် မြန်မာအေဂျင်စီ (၁၀)ခုကို အလုပ်ခေါ်ယူမှု (၆)လ ဆိုင်းငံ့ထားခံရသည့် သတင်းသည်
မှန်ကန်မှုမရှိဘူးဟု မြန်မာနိုင်ငံ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနက ပြောဆိုလိုက်ပါသည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြနေသည့်
ယခုသတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို MCN သတင်းဌာန၏ သီးခြားဆက်သွယ်မေးမြန်းချက်အပေါ်
ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ Lucky Spinning Co.,
Ltd. ကုမ္ပဏီမှာ အလုပ်သမားအချို့၏ ပြဿနာများကို ဖြေရှင်းနေသည့်အတွက် အလုပ်သမားရှာဖွေရေး
အေဂျင်စီဖြစ်သည့် Golden Sea နှင့် National Foucus အေဂျင်စီတို့ကို ယာယီတားမြစ်ထားခြင်းဖြစ်ပြီး
ဖြေရှင်းပြီးသည့်အခါမှာ ချက်ချင်း ပြန်လည်ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင်
Lucky Spinning Co., Ltd. မှာ ၀န်ထမ်းအင်အား လျော့ချလိုက်သည့်အပေါ် ၀န်ထမ်းများအနေနှင့်
နားလည်မှုအချို့ လွဲခဲ့သည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။
ချင်းတွင်းမြစ်ရိုးတွင် ရွှေတူးဖော်မှုများနှင့် သစ်ထုတ်လုပ်မှုများ ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆို
ချင်းတွင်းမြစ်ရိုးတစ်လျှာက်
ရွှေတူးဖော်မှုများနှင့် သစ်ထုတ်လုပ်မှုများအမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်ကြောင်း
သိရှိရပါသည်။
Subscribe to:
Posts (Atom)