Thursday, June 30, 2016

ထိုင်းနိုင်ငံတွင် MOU ထိုးထားသည့် မြန်မာအေဂျင်စီ (၁၀)ခုကို ဆိုင်းငံ့သည့် သတင်း မှန်ကန်မှုမရှိဟု မြန်မာနိုင်ငံ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြောကြား



ထိုင်းနိုင်ငံမှာ MOU ထိုးထားသည့် မြန်မာအေဂျင်စီ (၁၀)ခုကို အလုပ်ခေါ်ယူမှု (၆)လ ဆိုင်းငံ့ထားခံရသည့် သတင်းသည် မှန်ကန်မှုမရှိဘူးဟု မြန်မာနိုင်ငံ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြောဆိုလိုက်ပါသည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြနေသည့် ယခုသတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို MCN သတင်းဌာန၏ သီးခြားဆက်သွယ်မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ Lucky Spinning Co., Ltd. ကုမ္ပဏီမှာ အလုပ်သမားအချို့၏ ပြဿနာများကို ဖြေရှင်းနေသည့်အတွက် အလုပ်သမားရှာဖွေရေး အေဂျင်စီဖြစ်သည့် Golden Sea နှင့် National Foucus အေဂျင်စီတို့ကို ယာယီတားမြစ်ထားခြင်းဖြစ်ပြီး ဖြေရှင်းပြီးသည့်အခါမှာ ချက်ချင်း ပြန်လည်ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် Lucky Spinning Co., Ltd. မှာ ၀န်ထမ်းအင်အား လျော့ချလိုက်သည့်အပေါ် ၀န်ထမ်းများအနေနှင့် နားလည်မှုအချို့ လွဲခဲ့သည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment