Thursday, June 30, 2016

မြန်မာနိုင်ငံအစိုးရအနေနှင့် ကျား/မ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက်မှုရှိရေးနှင့် အလုပ်အကိုင်များဖန်တီးပေးမှု တို့ကို ဆောင်ရွက်လျက်ရှိ



မြန်မာနိုင်ငံအစိုးရအနေနှင့် ကျား/မ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက်မှုရှိရေးနှင့် အလုပ်အကိုင်များဖန်တီးပေးမှု တို့ကို လုပ်ဆောင်နေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါ သည်။ ဇွန်လ ၂၁ရက်နေ့က နေပြည်တော်တွင်ရှိသည့် Kenpinskl ဟိုတယ်တွင် ပြုလုပ်သည့် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် International Development Association(IDA) ၏ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ ထိုအပြင် အမျိုးသားလည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးများကိုလည်း ဆောင်ရွက်နေကြောင်းနှင့် တက်ရောက်လာသည့် နိုင်ငံများနှင့် ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ IDA သည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်တစ်ခုဖြစ်သလို နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ရှယ်ယာဝင်များအဖြစ် ပါဝင်ပြီး ကမ္ဘာ့ဝင်ငွေ အနည်းဆုံးနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူရှိရေးနှင့် ပြည်သူများ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးရေးဆိုင်ရာ စီမံချက်များအတွက် အတိုးနှုန်းသက်သာစွာနှင့် ချေးငွေများကို ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။


No comments:

Post a Comment