Saturday, July 2, 2016

ရန်ကုန်စတော့အိတ်ချိန်း၏ အများပိုင်ကုမ္ပဏီ၂ခု အမြတ်ဝေစုများခွဲဝေပေးမည်

ရန်ကုန်စတော့အိတ်ချိန်း၏ အများပိုင်ကုမ္ပဏီ၂ခုဖြစ်သည့် FMI ကုမ္ပဏီလီမိတက်နှင့်သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်တို့သည် သူတို့၏ရှယ်ယာအမြတ်ဝေစုများကို ခွဲဝေပေးသွားမည်ဟု ဇွန်လသီတင်း နောက်ဆုံးပတ်ထဲမှာ ပြောဆိုခဲ့ပါသည်။ ထိုသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ကုမ္ပဏီနှစ်ခု၏ ရှယ်ယာဈေးနှုန်းနှင့် အရောင်းပမာဏ ပြန်တက်လာသည်ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအရာရှိတစ်ဦးကပြောဆိုထားကြောင်း သိရပါသည်။ FMI အနေနှင့် အကျိုးအမြတ်ဝေစုကို ရှယ်ယာတစ်စုအတွက် ၁၃၅ ကျပ်ထုတ် ပေးသွားမှာဖြစ်ပြီး ထိုခံစားခွင့်အတွက် ဇူလိုင်လ ၄ ရက်နေ့နောက်ဆုံးထားပြီး အစုရှယ်ယာများကို ၀ယ်ယူသွားရန်လိုသည်ဟု FMI ဘက်ကပြောဆိုထားပါသည်။ တစ်ခါ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်အများပိုင်လီမိတက်က ရှယ်ယာတစ်စုကို ၂၅၀၀ ကျပ်ထုတ်ပေးသွားမှာလို့ပြောဆိုထားပြီး သူ့၏အကျိုးခံစားခွင့်အတွက် ဇူလိုင်လ ၂၆ ရက် နောက်ဆုံးထားပြီး ရှယ်ယာများကို ၀ယ်ယူရန်လိုသည်ဟု အသိပေးထားပါသည်။

No comments:

Post a Comment