Wednesday, July 27, 2016

အာဆီယံလုပ်ငန်း ကျွမ်းကျင်မှုလက်မှတ်ထုတ်ပေး

          ဆင်းရဲမွဲတေမှုပြဿနာကို တဖြေးဖြေးလျော့ပါးသွားအောင် လျော့ချရေးလုပ်ငန်းစဉ်တွင် အသက်မွေးဝမ်းကျောင်းပညာနှင့် အလုပ်အကိုင်ဖန်တီးရေးတွင် အဓိကကျသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ လုပ်ငန်း ကျွမ်းကျင်မှုအမျိုးအစားပေါင်း (၉၀)ကျော်ထဲမှ လုပ်ငန်းအမျိုးအစား (၁၁)မျိုးကို အာဆီယံလုပ်ငန်းကျွမ်းကျင်မှု လက်မှတ် ထုတ်ပေးပြီးဖြစ်ကာ ကျန်လုပ်ငန်း (၁၄)မျိုးကို လုပ်ငန်းကျွမ်းကျင်မှု စံသတ်မှက်ချက်များနှင့်အညီ ၂၀၁၆ခုနှစ်အတွင်း အာဆီယံလုပ်ငန်းကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးရန်စီစဉ်နေကြောင်း အလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။ အာဆီယံလုပ်ငန်း ကျွမ်းကျင်မှုလက်မှတ် ထုတ်ပေးပြီးသည့် လုပ်ငန်း (၁၁)မျိုးတွင် ဟိုတယ်လုပ်ငန်းများအတွက် ဝိတ်တာ ဝန်ဆောင်မှု၊ အိပ်ခန်းဆောင်ထိန်းသိမ်းခြင်း၊ အခြားလုပ်ငန်းများအတွက် ဂဟေဇော်ခြင်း၊ အဲကွန်းပြုပြင်ခြင်း၊ လျှပ်စစ်နှင့်ဝိုင်ယာရိန်း၊ ဆောက်လုပ်ရေး လက်သမားလုပ်ငန်း၊ ပရိဘောဂ လက်သမားလုပ်ငန်း၊ အုတ်စီခြင်းလုပ်ငန်း၊ စက်ချုပ်ခြင်း၊ အရောင်းဝန်ထမ်းနှင့် အရောင်းငွေကိုင်တို့ဖြစ်ပါသည်။ ၎င်းလုပ်ငန်းကျွမ်းကျင်လက်မှတ်ရရှိထားပါက အာဆီယံနိုင်ငံများတွင် မိမိရရှိထားသည့် ကျွမ်းကျင်မှု အဆင့်အလိုက် လစာနှင့်အကျိုးခံစားခွင့်များအပြင် ဥပဒေအရပါ အကာအကွယ်ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိ ပြည်တွင်းတွင် ၄င်းအာဆီယံလုပ်ငန်း ကျွမ်းကျင်လက်မှတ်ရရှိသူ (၂၉၀)ဦးရှိပြီဖြစ်ကြောင်း သိရပါသည်။



No comments:

Post a Comment