Saturday, July 30, 2016

မြန်မာဗီဒီယိုလမ်းညွှန်အစီအစဉ် (သက်မဲ့အချစ်)

မျက်ခြယ်ဗီဒီယိုထုတ်လုပ်ရေးမှ မကြာမီဖြန့်ချိရန်ရှိနေသည့် သက်မဲ့အချစ် ဗီဒီယိုဇာတ်ကားနှင့် မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ရဝေးတို့ သားအမိသည် စံရိပ်ငြိမ်အိမ်တော်ကြီး၏ အိမ်အကူဖြစ်ကြပြီး အိမ်ကြီးထဲတွင် ဘယ်သူ့မှ မနေကြပါဘူး။ တစ်နေ့ အိမ်ရှင်းများဖြစ်သည့် ဧကရီတို့သားအမိများ ရောက်လာခဲ့သည့်အချိန်တွင် ဧကရီ၏ သမီးအနှောမေသည် သက်တူရွယ်တူ သူငယ်ချင်ျးအဖြစ် ရဝေးကိုခင်သွားခဲ့ပြီး စံရိပ်ငြိမ်အိမ်ကြီးထဲတွင် အတူတူနေလာခဲ့ကြပါသည်။ ရဝေးတို့သားအမိသည် အနှောမေတို့သားအမိများ အသက်ရှင်ရန်အတွက် နေ့တိုင်း ယုန်များကို ဖမ်း၊ ယုန်သွေးများကို ထုတ်ပေးရပါသည်။ ယုန်သွေးများကို သောက်မှ အနှောမေတို့ သားအမိအသက်ရှင်ခြင်းကို ရဝေးတို့က မထူးဆန်းတော့သော်လည်း သူတို့၏ဖြစ်တည်မှုကို စိတ်ဝင်စားနေသည့် လူတစ်ယောက်တော့ရှိပါသည်။ သူကတော့ ဦးလွင်ဟိန်းဖြစ်ပါသည်။ ပြင်ပလူများနှင့် အဆက်အသွယ်မလုပ်ဘဲစံရိပ်ငြိမ်အိမ်ကြီးကို စိတ်ဝင်စားရင်ကနေ ယုန်များကို နေ့တိုင်ဖမ်းနေရသည့် ရဝေးတို့လုပ်ရပ်များကို သံသယရှိလာခဲ့ပါသည်။ စံရိပ်ငြိမ်အိမ်ကြီးထဲတွင် ယုန်သွေးများကို သောက်နေရသည့် အနှောမေတို့သားအမိက ဘာများလဲ၊ ရဝေးနှင့် အနှောမေတို့ ဘာများဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားထွက်ရှိသည့်အခါတွင် ရှုစားရမှာဖြစ်ပါသည်။ ထိုဇာတ်ကားတွင် မြင့်မြတ်၊ ယုသန္တာတင်၊ ခင်မို့မို့အေးတို့က အဓိက သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ဝင်းဝင်းထွန်း က ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါသည်။ 

No comments:

Post a Comment