Wednesday, July 27, 2016

(၆)နှစ်တာကာလအတွင်း အမေရိကန်နိုင်ငံ အနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နည်းနေသေး

          ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်အထိ  အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခုသာရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။ အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ အပေါ်ဖြေလျော့မှုတွေ လျှော့ချလာသော်လည်း ယခုလို ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းနည်းပါးရခြင်းသည် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့်အတူ အမေရိကန်တို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် နည်းပညာမြင့်မားမှုကို အားပြုသည့် အကြောင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်တာကာလအတွင်းတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၇၆၆၂.၇၉)သန်း ဝင်ရောက်မှုရှိကြောင်း သိရပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဝင်ရောက်မှုအများဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ (၉.၄) ဘီလျီယံအထိရောက်ရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုငွေသည် ယခုဇွန်လအထိ (၃.၁၃၆)သန်း ရှိနေပြီး ရင်းနှီးမြှုပ်နှံမှု (၈)ဘီလျီယံအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် လာရောက်ရင်းနှီးမြှုပ်နှံ နိုင်ငံတွေထဲက အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတွင် စင်္ကာပူနိုင်ငံဖြစ်ပြီး အနည်းဆုံး ဖိလစ်ပိုင်နိုင်ငံဖြစ်ကြောင်း သိရပါသည်။


No comments:

Post a Comment