Sunday, July 31, 2016

ကန့်ကွက်လွှာအမှုအမှတ်(၂၈)၊ (၃၇)အား စီရင်ချက်(အမိန့်) များချမှတ်ခြင်း

ရခိုင်ပြည်နယ်  ရမ်းဗြဲမြို့နယ်   ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ခင်က ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ်(၂၈/၂ဝ၁၅)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးစိုးရယ်က  ဥက္ကဋ္ဌဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကြားနာ စစ်ဆေးပြီး ၂ဝ၁၆ ခုနှစ်  ဇူလိုင် ၂၉ ရက်တွင် ရခိုင် ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးကျော်ရွှေ(ရခိုင် အမျိုးသားပါတီ)၏ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်ပြီး လျှောက်ထားသူ ဦးကျော်ခင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို   စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသခင်ချိုက မင်းပြားမြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရခိုင်အမျိုးသားပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်အပေါ်    ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၃၇/၂ဝ၁၅)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင် များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကြားနာ စစ်ဆေးပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ရခိုင် ပြည်နယ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်၏ ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်ပြီး လျှောက်ထားသူ ဦးသခင်ချို (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၁၁-၁၂-၂ဝ၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု(၄၅)မှုကို ကြားနာစစ်ဆေးခဲ့ရာ ၂၉-၇-၂ဝ၁၆ ရက်နေ့ အထိ စီရင်ချက်(အမိန့်) ချမှတ်ပြီး (၂၃) မှုနှင့် စစ်ဆေးရန် (၂၂)မှု ကျန်ရှိကြောင်းနှင့် အမှုများအမြန်ပြီးပြတ်နိုင်ရေး နေ့စဉ်ရုံးထိုင်ကြားနာစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment