Friday, September 30, 2016
ဘဏ္ဍာရေးနှင့်ငွေကြေးဈေးကွက်အလုပ်အကိုင်အခွင့်အလမ်းကောင်းများ Part II
Financial
Knowledge လက်တွေ့အသုံးချဘဏ္ဍာရေးသုတများ
Financial
Job Market Opportunities
ဘဏ္ဍာရေးနှင့်ငွေကြေးဈေးကွက်အလုပ်အကိုင်အခွင့်အလမ်းကောင်းများ
Part II
Andy Hall ကို အသရေဖျက်မှုနှင့် ကွန်ပျူတာပြစ်မှုဆိုင်ရာ အက်ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၄ နှစ် နှင့် ငွေဒဏ် ဘတ် ၂ သိန်းပေးဆောင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက စီရင်ချက် ချမှတ်
မြန်မာအပါအဝင်ရွှေ့ပြောင်းအလုပ်သားများ၏
အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ Andy Hall ကို အသရေဖျက်မှုနှင့် ကွန်ပျူတာပြစ်မှုဆိုင်ရာ
အက်ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၄ နှစ် နှင့် ငွေဒဏ် ဘတ် ၂ သိန်းပေးဆောင်ရန် စက်တင်ဘာလ
၂၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက စီရင်ချက် ချမှတ်လိုက်ကြောင်း
သိရပါသည်။ ၎င်း စီရင်ချက်တွင် Andy Hall ကို တရားရုံးက အရင်က ပြစ်မှုမှတ်တမ်းမရှိခြင်းနှင့်
လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ခြင်းများကြောင့် ထောင်ဒဏ် ၁နှစ်နှင့် ငွေဒဏ် ဘတ် ငါးသောင်း
လျှော့ချခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ကို လည်း ဆိုင်းငံ့ကြောင်း သိရပါသည်။ ထို့ကြောင့် သူအနေနှင့်
ဆိုင်းငံ့ကာလ (၂)နှစ်အတွင်းကောင်းမွန်စွာနေထိုင်လျှင် ထောင်ဒဏ်ကျခံစရာ မလိုဘဲ ငွေဒဏ်
ဘတ် (၁)သိန်းခွဲ ကျခံရရန် ရှိနေခြင်းဖြစ်ပါသည်။ ၎င်းစီရင်ချက်ချမှတ်ခံရသည့် အပေါ်အယူခံဝင်သွားမည်ဟု
Andy Hall က သူ၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောထားကြောင်း သိရပါသည်။ ရွှေ့ပြောင်းလုပ်သားများ၏
အခွင့်အရေးလုပ်ရှားသူ Andy Hall ကို ထိုင်း Natural Fruit ကုမ္ပဏီ၏ အလုပ်သမားများအပေါ်
လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ်က အစီရင်ခံစာကြောင့် ကုမ္ပဏီက
အမှု ၄ ခုနှင့် စတင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုအမှုများထဲက ယခုစီရင်ချက်
ချမှတ်ခံရသည့် အမှုအပြင် တရားမကြောင်းအရ နစ်နာမှုအတွက် ဘတ်ငွေ သန်း ၄၀၀ (ရူရိုငွေ ၁၀
သန်း) ပေးဆောင်ရန်လည်း Natural Fruit ကုမ္ပဏီမှ တရားစွဲဆိုထားကြောင်း သိရပါသည်။
မြိုင်မြို့နယ် ချိုင်ဇောက်ရေနံမှော်က ရေနံစိမ်းများကို ရေနံချက်လုပ်ခွင့် မပေးထားမှုကြောင့် လက်ယက်ရေနံတူးဖော်သူများ စားဝတ်နေရေးခက်ခဲ
မကွေးတိုင်းဒေသကြီး
မြိုင်မြို့နယ် ချိုင်ဇောက်ရေနံမှော်က ထွက်ရှိသည့် ရေနံစိမ်းများကို ရေနံချက်လုပ်ခွင့်
မပေးထားသောကြောင့် လက်ယက်ရေနံတူးဖော်သူများသည် စားဝတ်နေရေးခက်ခဲနေကြောင်း သိရပါသည်။
အလုပ်သမားဥပဒေကို လျှော့ပေါ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည့်အခါ အလုပ်သမားအခွင့်ရေး ထိခိုက်နစ်နာလာနိုင်
အစိုးရက အလုပ်သမားဥပဒေကို
လျှော့ပေါ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည့်အခါ အလုပ်သမားအခွင့်ရေး ထိခိုက်နစ်နာလာနိုင်ကြောင်း
အလုပ်သမားသမ္မဂ္ဂများအဖွဲ့၏ ဥက္ကဌဟောင်း ဦးအောင်လင်းက ပြောကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာက စက်မှုဇုန်များ လုပ်ကိုင်ရန်ရှိနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာရန်ရှိ
မြန်မာနိုင်ငံတွင် နိုင်ငံတကာက စက်မှုဇုန်များ လာရောက်ထူထောင်လုပ်ကိုင်ရန်ရှိနေခြင်းကြောင့်
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာရန်ရှိနေကြောင်း သိရပါသည်။
အလုပ်သမားကို အလုပ်မှထုတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရလိုမှုတောင်းဆိုခဲ့သည့် ထိုင်းနိုင်ငံပိုင် PTTEPI ကုမ္ပဏီကို ဥပဒေအရ ဆောင်ရွက်သွားမည်
အလုပ်သမား(၁၈ယောက်)ကို
အလုပ်မှထုတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရလိုမှုတောင်းဆိုခဲ့သည့် ထိုင်းနိုင်ငံပိုင်
PTTEPI ကုမ္ပဏီကို ၎င်းအလုပ်သမားများက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြောင်း သိရပါသည်။
Subscribe to:
Posts (Atom)