Friday, September 30, 2016

Andy Hall ကို အသရေဖျက်မှုနှင့် ကွန်ပျူတာပြစ်မှုဆိုင်ရာ အက်ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၄ နှစ် နှင့် ငွေဒဏ် ဘတ် ၂ သိန်းပေးဆောင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက စီရင်ချက် ချမှတ်



မြန်မာအပါအဝင်ရွှေ့ပြောင်းအလုပ်သားများ၏ အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ Andy Hall ကို အသရေဖျက်မှုနှင့် ကွန်ပျူတာပြစ်မှုဆိုင်ရာ အက်ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၄ နှစ် နှင့် ငွေဒဏ် ဘတ် ၂ သိန်းပေးဆောင်ရန် စက်တင်ဘာလ ၂၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက စီရင်ချက် ချမှတ်လိုက်ကြောင်း သိရပါသည်။ ၎င်း စီရင်ချက်တွင် Andy Hall ကို တရားရုံးက အရင်က ပြစ်မှုမှတ်တမ်းမရှိခြင်းနှင့် လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ခြင်းများကြောင့် ထောင်ဒဏ် ၁နှစ်နှင့် ငွေဒဏ် ဘတ် ငါးသောင်း လျှော့ချခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ကို လည်း ဆိုင်းငံ့ကြောင်း သိရပါသည်။ ထို့ကြောင့် သူအနေနှင့် ဆိုင်းငံ့ကာလ (၂)နှစ်အတွင်းကောင်းမွန်စွာနေထိုင်လျှင် ထောင်ဒဏ်ကျခံစရာ မလိုဘဲ ငွေဒဏ် ဘတ် (၁)သိန်းခွဲ ကျခံရရန် ရှိနေခြင်းဖြစ်ပါသည်။ ၎င်းစီရင်ချက်ချမှတ်ခံရသည့် အပေါ်အယူခံဝင်သွားမည်ဟု Andy Hall က သူ၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောထားကြောင်း သိရပါသည်။ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးလုပ်ရှားသူ Andy Hall ကို ထိုင်း Natural Fruit ကုမ္ပဏီ၏ အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ်က အစီရင်ခံစာကြောင့် ကုမ္ပဏီက အမှု ၄ ခုနှင့် စတင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုအမှုများထဲက ယခုစီရင်ချက် ချမှတ်ခံရသည့် အမှုအပြင် တရားမကြောင်းအရ နစ်နာမှုအတွက် ဘတ်ငွေ သန်း ၄၀၀ (ရူရိုငွေ ၁၀ သန်း) ပေးဆောင်ရန်လည်း Natural Fruit ကုမ္ပဏီမှ တရားစွဲဆိုထားကြောင်း သိရပါသည်။

No comments:

Post a Comment