အမေရိကန်နိုင်ငံက
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ ပေးမည့် အမေရိကန်-မြန်မာ
ပူးတွဲကြေညာချက်ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍက ပိုမိုပွင့်လင်း လာမည်ဟု
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးက
ပြောကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံက ကုန်သွယ်မှုဆိုင်ရာ
အထူးအခွင့်အရေး (GSP)နှင့်
ကုန်ပစ္စည်းအမယ်ပေါင်း ငါးထောင်ကျော်ကို ပေးအပ်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးများစွာတိုးတက်လာနိုင်မည့်ဟု
မျှော်လင့်နေကြောင်း သိရပါသည်။ GSP က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို
ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးများက ကုန်သွယ်မှုအထူးအခွင့်အရေးပေးသည့် စနစ်ဖြစ်ပါသည်။
ဥရောပနိုင်ငံများက သွင်းကုန်အပေါ် ပျမ်းမျှ (၁၃)ရာခိုင်နှုန်းအခွန်ကောက်ခံပြီး အမေရိကန်
နိုင်ငံက ပြည်ပသွင်းကုန်အပေါ် (၈)ရာခိုင်နှုန်းကောက်ခံပေမည့် GSP ပေးထားသည့် နိုင်ငံများက ကုန်ပစ္စည်းများကို
ဥရောပနိုင်ငံများရော အမေရိကန်နိုင်ငံကပါ အခွန်ကောက်ခံမှုမရှိကြောင်း သိရပါသည်။ ပြီးခဲ့သည့်
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ အမေရိကန်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှပို့ကုန်
အမေရိကန်ဒေါ်လာ (၆၉)သန်းကျော်ရှိပြီး သွင်းကုန်အမေရိကန်ဒေါ်လာ (၁၂၇)သန်းကျော်ရှိကြောင်း
သိရပါသည်။ အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍပိုမိုနက်နှိုင်းစွာဆောင်ရွက်နိုင်ရန်
စံချိန်စံညွှန်းမြင့်သည့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို လက်မှတ်ထိုးရန်အစီအစဉ်ရှိကြောင်းလည်း
သိရပါသည်။ ၎င်းဆောင်ရွက်ချက်များကြောင့် အမေရိကန်-မြန်မာ ကုန်သွယ်မှုတိုးလာနိုင်သော်လည်း
ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် ဈေးကွက်ရှာဖွေမှုများ အရည်အသွေးမြင့် ထုတ်ကုန်များ
ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်မှသာ အခွင့်အရေးများကို အပြည့်အဝခံစားရမည်ဖြစ်ကြောင်း
စီးပွားရေးပညာရှင်များက သုံးသပ်ကြောင်း သိရပါသည်။
No comments:
Post a Comment