Saturday, October 1, 2016

စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ငါးမွေးမြူရေးလုပ်ငန်း

မြန်မာနိုင်ငံ၏ အရေးပါသည့် ပြည်ပပို့ကုန်ကဏ္ဍဖြစ်သည့် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်သည့် လုပ်ငန်းက စိန်ခေါ်စရာတစ်ချို့နှင့် ရင်ဆိုင်နေရပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်းက ငါး၊ ပုစွန် မွေးမြူထုတ်လုပ်သည့် လုပ်ငန်းများတွင် တစ်နှစ်ထက် တစ်နှစ်ကိုထုတ်လုပ်မှုပမာဏကျဆင်းလာနေခြင်းကြောင့် ဈေးကွက်အတွင်းဈေးနှုန်း မြင့်တက်လာမှုနှင့် ပြည်ပပို့ကုန် ကျဆင်းလာခြင်းများရှိလာနေပါသည်။ ထိုကြောင့် ရေတိုကုစားဖာထေးသည့်အနေနှင့် ထိုင်းနိုင်ငံလိုမျိုး ပြည်ပမှ ငါး၊ ပုစွန် စတာတွေကို အစားထိုးတင်သွင်းသွားရန် ရှိနေသည်ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောဆိုလိုက်ပါသည်။ ဒီလိုငါးတင်သွင်းခြင်းနှင့်ပတ်သတ်ပြီး ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များက နံပတ်(၁) တရားဝင်ကုန်သွယ်ရေးလိုင်စင်နှင့် တင်သွင်းရန်၊ နံပတ်(၂) လူတွေစားသုံးရန် လည်းရည်ရွယ်ခြင်းကြောင့် ထိုင်းနိုင်ငံဘက်ကနေ စားသုံးရန်သင့်သည်ဆိုသည့် ထောက်ခံချက်များ ပါရမယ်ဆိုခြင်းနှင့် နံပတ် (၃)  ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက် ပါရှိရမည်ဆိုသည့် အချက် (၃) ချက်အပေါ်မှာ လုပ်ကိုင်ဖို့ တောင်းဆိုထားသည်ဟု သိရပါသည်။  

No comments:

Post a Comment