Tuesday, November 1, 2016

ဆေးဝါးဈေးကွက်အနေအထား



            ဆေးဝါးဈေးကွက်အတွင်း ဈေးပစ္စည်းဈေးနှုန်းများ (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း ဆေးဝါးတင်သွင်းရောင်းချနေသည့် ကုမ္ပဏီများနှင့် ဆေးဝါးလက်လီလက္ကားအရောင်းဆိုင် များမှ သိရပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကတည်းက ဒေါ်လာဈေး တစ်ဒေါ်လာလျှင် တစ်ထောင့် နှစ်ရာရှစ်ဆယ်ကျော်လာပြီးနောက် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီတိုင်းက (၅)ရာခိုင်နှုန်းမှ (၈)ရာခိုင်နှုန်းလောက် အထိ ဆေးဝါးဖြန့်ချီဈေးနှုန်းများ တက်သွားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဆေးဝါးများဆေးတက်လာခြင်းကြောင့် ဈေးကွက်အနေအထားအရ တစ်ပတ် (၁၀)ရက်လောက် အရောင်းအဝယ်ငြိမ်သက်ခဲ့သော်လည်း ဆေးဝါးသည် မရှိမဖြစ် လူသုံးကုန်ဈေးကွက်ဖြစ်ခြင်းကြောင့် အတက်ဈေးနှင့်သာ ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်နေကြောင်း သိရပါသည်။ ဆေးဝါးဈေးကွက်အတွင်း လူသုံးကုန်ဆေးဝါးဖြစ်သည့် အားဆေး၊ ယားနာလိမ်းဆေး၊ အနာလိမ်းဆေး အရည်၊ သွေးကျဆေးများသည် (၅)ရာခိုင်နှုန်းမှ (၇)ရာခိုင်နှုန်းအထိ ဈေးတက်သွားပြီး ဘီပီအိုင်ထုတ်ဆေးဝါးများသည်  (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားပါသည်။ ၎င်းဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးဝါးဖြန့်ချီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ဒေါ်လာဈေးပြန်ကျသည့်အခါ ဆေးဝါးဈေးနှုန်းလည်း ပြန်ကျ စေလိုကြောင်း သုံးစွဲသူပြည်သူများနှင့် ဆရာဝန်များက ပြောကြောင်း သိရပါသည်။

No comments:

Post a Comment