Tuesday, November 1, 2016

မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ပို့ကုန်ကျဆင်း



မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် အခုဘဏ္ဍာနှစ်၏ ပထမ (၇)လခွဲတာကာလအတွင်း ပို့ကုန် တင်ပို့မှုအမေရိကန်ဒေါ်လာ (၃၁)သန်းကျော်ကျဆင်းခဲ့ပါသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်တင်ပို့မှု ကျဆင်းရခြင်းသည် တရုတ်နိုင်ငံဘက်က ဝယ်ယူမှုနည်းပါးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဖြစ်ကြောင်း သိရပါသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ယခုဘဏ္ဍာနှစ်၏ ပထမ (၇)လခွဲတာကာလအတွင်း ပို့ကုန်ပမာဏ (၁၇၄၉ ဒသမ ၆၃၁)သန်းသာ တင်ပို့ခဲ့ပြီး အရင်ဘဏ္ဍာနှစ်၏ ကာလတူတုန်းက ပို့ကုန်အမေရိကန်ဒေါ်လာ သန်း (၁၇၈၀)ကျော် တင်ပို့ခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ်၏ ပထမ (၇)လခွဲတာကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်အမေရိကန်ဒေါ်လာ (၃၁)သန်းကျော် လျော့နည်းခဲ့ပါသည်။ မူဆယ်ကုန်သွယ်ရေးဂိတ်တွင် ပို့ကုန်တင်ပို့မှုလျော့ကျသော်လည်း သွင်းကုန်တင်သွင်းမှု က အမေရိကန်ဒေါ်လာ (၂၈)သန်းကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုဘဏ္ဍာနှစ်၏ (၇)လခွဲတာ ကာလတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သာမက ကျိုင်းတုံ၊ မြိတ်နှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးဂိတ်များတွင်လည်း ပို့ကုန်တင်ပို့မှုလျော့ကျခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment