ဟိမ၀န္တာ
တောင်ပိုင်းနဲ့ Karakorum နယ်နမိတ်အတွင်းမှာရှိတဲ့ ဒီယိုဆိုင် ကုန်းပြင်မြင့်ဟာ ပင်လယ်ရေ
မျက်နှာပြင်အထက် (၄၁၁၄) မီတာ မှာ တည်ရှိပြီး
တိဘက်ဒေသက Chang Tang ကုန်းပြင်မြင့်ပြီးရင် ကမ္ဘာမှာ ဒုတိယ အမြင့်ဆုံးဖြစ်ကာ ဟိမ၀န္တာ
ဝက်ဝံညိုများ ကျက်စားရာဒေသလည်း ဖြစ်ပါသည်။ ၄င်းကုန်းမြင့်ကို မျိုးရင်းပန်းပင်နှင့် တိရစ္ဆာန်များ ပေါကြွယ်ဝတဲ့
နေရာတစ်ခုလို့ သိရှိကြပြီး အထူးသဖြင့် နွေဦးရာသီမှာ အများဆုံး တွေ့နိုင်တဲ့ တောရိုင်းပန်းမျိုးစိတ်များနဲ့
လိပ်ပြာများပဲ ဖြစ်ပါသည်။ ဒါ့အပြင် ဟိမ၀န္တာ ၀က်ဝံညိုများ ကျက်စားရာ ဒေသလည်း ဖြစ်ပြီး
ပါကစ္စတန် မြောက်ပိုင်း တောင်တန်းဒေသမှာ ယခင်က ကောင်ရေများစွာ ကျက်စားခဲ့ပေမယ့် မကြာသေးခင်
ဆယ်စုနှစ်များကတော့ ခြိမ်းခြောက်မှုများနဲ့ ကြုံတွေ့ခဲ့ရပါသည်။ တောတွင်းမှာ နေထိုင်တဲ့
ဝက်ဝံညိုများရဲ့ သက်တမ်းဟာ (၁၅) နှစ်မှ (၃၄)နှစ်အထိ ရှိပြီး အစုံစားနို့တိုက်သတ္တ၀ါဖြစ်ပါသည်။
No comments:
Post a Comment