Wednesday, November 27, 2013

ဘရာဇီးနိုင်ငံ ဆွာပိုလို အားကစားကြီးမှာ အပြီးသတ် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကရိန်း ပြုတ်ကျ

ဘရာဇီးနိုင်ငံ ဆွာပိုလို အားကစားကြီးမှာ အပြီးသတ် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကရိန်း ပြုတ်ကျမှုကြောင့် လူ (၂) ဦး သေဆုံးပြီး (၁) ဦးမက ဒါဏ်ရာရရှိခဲ့ပါသည်။ ဆွာပိုလို မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ (၁) ဦးရဲ့ အတည်ပြုချက်အရ ဆောက်လုပ်ရေး အလုပ်သမား (၂) ဦး စလုံးသေဆုံးကြောင်း သိရပြီး ဒီအရင်လကလဲ လူ (၃) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် (၁) ဦး က ပြောကြားခဲ့ပါသည်။ ကရိန်းက အမြင့်သို့ ရောက်စဉ် အမိုးနဲ့ထိပြီး ခုလို မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာက ပြောကြားခဲ့ပါသည်။ ယခု အချိန်မှာတော့ ဆွာပိုလို အားကစားကွင်းဟာ (၉၄)% ထိ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment