Wednesday, November 27, 2013

ဂျပန်ကားကုမ္ပဏီ Honda ဟာ ၄င်းတို့ရဲ့ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် ပါဝါသုံးကား (FCEV) ကို ထုတ်လုပ်

ဂျပန်ကားကုမ္ပဏီ Honda ဟာ ၄င်းတို့ရဲ့ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် ပါဝါသုံးကား (FCEV) ကို ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။ ၄င်းကားဟာ အနာဂတ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှင့်မှု မရှိတဲ့ကားဖြစ်ပြီး ကိုယ်ပိုင်လျှပ်စစ်ကို ထုတ်လုပ်ခြင်းဖြင့် လောင်စာဆီ ထပ်မံဖြည့်စရာမလိုဘဲ မိုင် (၃၀၀) ခန့်မောင်းနှင်နိုင်မှာဖြစ်ကာ ၄င်းတို့ရဲ့ ဘတ္ထရီများကို အားသွင်းရန်လည်း အချိန် (၅) မိနစ်သာ ကြာမှာဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပေါင်းစပ်ပြီး ကားအတွက် လိုအပ်တဲ့ လျှပ်စစ်ကိုထုတ်လုပ်ပေးကာ ပုံမှန်လျှပ်စစ်ကားများထက် (၅) ဆပိုပြီး ခရီးနှင်နိုင်မှာဖြစ်ပြီး ရေငွေ့များပဲ ထုတ်လွှတ်မှာ ဖြစ်ပါသည်။ 

No comments:

Post a Comment