Wednesday, November 27, 2013

အီရတ်နိုင်ငံတစ်ဝန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

အီရတ်နိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ (၂၇) ရက်နေ့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လူ (၂၀) ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း (၃၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များနဲ့ ဆေးဘက်ဆိုင်ရာ ဌာနများရဲ့ ပြောကြားချက်အရ သိရှိရပါသည်။ မြို့တော် ဘဂ္ဂဒက် အနောက်ပိုင်း Ramadi အရှေ့ပိုင်းရှိ ရဲဌာနတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်သူ (၄) ဦး ကြောင့် ရဲတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့ပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ Ramadi မြောက်ပိုင်းရှိ ရဲဌာနတစ်ခုမှာလဲ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကြောင့် တာဝန်ရှိသူ (၄) ဦး သေဆုံးခဲ့ပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ 

No comments:

Post a Comment