Tuesday, December 31, 2013

နယူးဇီလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ဒီဇင်ဘာ (၃၁) ရက်နေ့က နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြိုဆို

ယနေ့ဟာ (၂၀၁၄) ခုနှစ် နှစ်သစ်တစ်ခုသို့ ကူးပြောင်းခဲ့ပြီဖြစ်တဲ့အတွက် နယူးဇီလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှာ ဒီဇင်ဘာ (၃၁) ရက်နေ့က နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။ နယူးဇီလန်နိုင်ငံသူ နိုင်ငံသားများဟာ အော့ကလန်မြို့ရဲ့ ကောင်းကင်ယံမှ အရောင်အသွေးစုံလင်လှတဲ့ မီးရှူးမီးပန်းများကို ကြည့်ရှုရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။ တောက်ပစုံလင်တဲ့ အရောင်အသွေးများဟာ ညကောင်းကင်ယံမှာ လှပစွာဝဲပျံ ဦးခိုက်ရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။ များပြားလှသော ဒေသခံများနဲ့အတူ ကမ္ဘာလှည့် ခရီးသည်များဟာ ဒီမီးရှူးမီးပန်းမျာကို အမြင့် (၃၂၈) မီတာရှိ မိုးမြင့်မျှော်စင်မှ လည်းကောင်း ဗစ်တိုရီးယား တောင်ထွဋ်မှလည်းကောင်း မြစ်အတွင်း လှေငယ်ကို လှော်ခတ်ရင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြောင်း သိရပါသည်။ 

No comments:

Post a Comment