Tuesday, December 31, 2013

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆဲလ်လီနာစ် တောင်ကြားအနီးရှိ လယ်ယာမြေများမှာ နှံပြောင်းစက်ဝိုင်းများ ဖြစ်ပေါ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွန်တာရီ အရှေ့ပိုင်း (၂၇) မိုင်အကွာ၊ ဆဲလ်လီနာစ် တောင်ကြားအနီးရှိ လယ်ယာမြေသို့ ပြီးခဲ့တဲ့လ (၃၀) ရက်နေ့က ပရိသတ်များ စုဝေးခဲ့ကြကြောင်း သိရပါသည်။ ဒီလယ်ကွင်းများမှာ နှံပြောင်းစက်ဝိုင်းများ ဖြစ်ပေါ်နေပုံကို လူနှစ်ဦးက တွေ့ရှိခဲ့ပြီး နံနက်မိုးသောက်ယံအချိန်မှာ အလင်းတန်းများတွေ့မြင်ရကြောင်း ၄င်းတို့က Youtube ၀က်ဆိုဒ်မှာ ဖေါ်ပြခဲ့ကြပါသည်။ ဒီလယ်ကွင်းများမှာ တွေ့ရှိရတဲ့ နှံပြောင်းစက်ဝိုင်းများနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေး နေပေမယ့် မည်သူရဲ့ လက်ချက်ဖြစ်ကြောင်းကိုတော့ ဖော်ပြခြင်း မပြုနိုင်သေးကြောင်း သိရပါသည်။ 

No comments:

Post a Comment