Friday, January 31, 2014

ဆီးရီးယားနိုင်ငံ Al-Quneitra ရှိ အစိုးရ စစ်ဆေးရေးဂိတ်တစ်ခုအား လက်နက်ကိုင်းများ ပစ်ခတ် တိုက်ခိုက်



ဆီးရီးယားနိုင်ငံ Al-Quneitra ရှိ အစိုးရ စစ်ဆေးရေးဂိတ်တစ်ခုအား လက်နက်ကိုင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အဆောက်အဦများ မီးလောင်နေပုံ ဗီဒီယိုကို အင်တာနက်တွင် ပြသထားကြောင်း သိရပါသည်။ လက်နက်ကိုင်များသည် အဆောက်အဦများကို မီးရှို့ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ဝင် ဒဏ်ရာရရှိမှု ဘယ်လောက်ရှိသည်ကို မသိရှိရသေးကြောင်း သိရပါသည်။ ဒမတ်စကပ်ရှိ ဆင်ခြေဖုံးရပ်ကွက်တွင်လည်း အစိုးရ တပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်များပေါ်မှလည်း သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် အဆောက်အဦများ ဖောက်ခွဲခြင်းများ ဖြစ်ပွားခဲ့ပုံကိုလည်း အင်တာနက်တွင် ဖော်ပြထားကြောင်းသိရပါသည်။

No comments:

Post a Comment