ပြင်သစ်သမ္မတ
Francois Hollande သည် ၂၀၁၂ ခုနှစ်၊ မေလတွင် ၄င်းအာဏာရရှိခဲ့စဉ်ကတည်းက ပထမဆုံး ပြုလုပ်သော
Anglo-France ထိပ်သီးအစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးပစ်ကင်မရွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နှစ်ဖက်ခေါင်းဆောင်များသည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု
ရရှိနိုင်ရန် ရည်ရွယ်ကျင်းပသော ထိပ်သီး အစည်းအဝေးမှာ ဥရောပကို ဘယ်လို ပြုပြင်ပြောင်းလဲရမည်ဆိုတာကို
ရင်ဆိုင် ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဂြိုဟ်တု နည်းပညာနှင့် အာကာသဆိုင်ရာ
သဘောတူညီချက်တစ်ခုနှင့် ပြည်တွင်း နျူကလီးယားစွမ်းအင် စူးစမ်းရှာဖွေရေး ပူးပေါင်း ဆောင်ရွက်ရေး
အပါအ၀င် ဒုံးလက်နက် စီမံချက်၏ နောက်ဆုံးအဆင့် ပူးပေါင်းရင်းနှီး မြှုပ်နှံမှုတို့ကို
ကြေညာသွားရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
No comments:
Post a Comment