ရှမ်းပြည်နယ်
(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၏ မြို့နယ်သန်းခေါင်စာရင်း
ကော်မတီနှင့် စာရင်းစစ်၊ စာရင်းကောက်များ အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို
ဇန်န၀ါရီလ (၂) ရက်နေ့ နံနက် (၁၀)နာရီတွင် ဆီဆိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်း
ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က လူဦးရေနှင့် သန်းခေါင်စာရင်း
ကိစ္စရပ်များကို ပြောကြားပြီး မြို့နယ် သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသမီးမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးချစ်ထွန်းက သန်းခေါင်စာရင်း ကောက်ယူရာတွင်
စာရင်းစစ်၊ စာရင်းကောက်များ၏ လုပ်ဆောင်ရမည့် တာဝန်များ၊ သန်းခေါင်စာရင်း ဥပဒေများကို
အကျယ်တ၀င့်ရှင်းလင်း ပြောကြားသည်။
No comments:
Post a Comment