Sunday, February 2, 2014

ရေကြောင်းသတိပေးချက်



မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော PC Myanmar (Hong Kong) Limited သည် တနင်္သာရီကမ်းလွန် လုပ်ကွက်အမှတ်၊ M-12 တွင် ရှာဖွေရေးတွင်းများ တူးဖော်ခြင်းလုပ်ငန်းများကို Semi-Submersible Drilling Unit "NAGA-1" ဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တူးဖော်ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ (၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

No comments:

Post a Comment